Part 27

58 4 0
                                    

(Unicode)

မနက်အာရုံတက်ချိန်ရောက်လေပြီ။ Shin လေးအိပ်ရာပေါ်မှထကာ ရေအေးအေးဖြင့် မျက်နှာသစ်သည်။ ပြီးနောက် လန်းဆန်းသွားစေရန် ရေချိုးသန့်စင်ရန် ပြင်လိုက်သည်။
သူမ သန့်ရှင်းရေးလုပ်ပြီးချိန်တွင် အဝတ်အစားလဲကာ မွေးစားဖခင်ထံသို့ ဦးတည်လိုက်
သည်။

"အဘရေ နိုးနေပြီလား"

"ဪ သမီးMiri နိုးနေပြီကိုး ဒီနေ့တယ်စောပါလား"

"ဟုတ်တယ် အဘရေ ညကအိပ်တာစောတယ်လေ၊ အဲဒါကြောင့် ဒီမနက်စောနိုးနေတာ"

"အေးအေး ဒါဆိုလဲ မနက်စာစားကြရအောင်ကွယ်"

"ဟိုလေ အဘ"

"ဟေ"

"သမီး အဘကိုပြောစရာတစ်ခုရှိတယ်"

"အေး ပြောလေကွဲ့ ဘာပြောမလို့တုန်း"

"ဟို....သမီးက အမှန်တစ်ကယ်တော့ မင်းသမီးတစ်ပါးပါ အဘ"

"ဟေ ဘယ်လို"

သူမ၏ မွေးစားဖခင်က သူမကို အံ့ဩတကြီးဖြင့် ပြန်လည်မေးမြန်းလိုက်သည်။

"အမှန်တစ်ကယ်တော့ အဲဒီအချိန်တုန်းက သမီးကို ရန်သူတစ်ယောက်က လိုက်သတ်လို့
ထွက်ပြေးရင်း ဘကြီးစီကနေ အခုလို အဘစီရောက်ခဲ့တာပါ"

"ဒါဆိုဒါဆို သမီးက မင်းကြီးရဲ့တစ်ဦးတည်းသော သမီးတော်လေး အိမ်ရှေ့မင်းသမီး
ဆိုတာပေါ့နော် ဟုတ်လား"

"ဟုတ် ဟုတ်ပါတယ် အဘ"

"ဪ ဘယ်လိုတောင်ဖြစ်တဲ့ အဖြစ်ဆန်းတွေပါလား"

"အဲ့တာ ဟို အခု သမီး နန်းတော်ကို ပြန်ခြင်တာမို့ အဘစီမှာ ခွင့်ပြုချက်လာတောင်းတာပါ"

"အေး အေးကွယ် သမီးကပြန်ခြင်တယ်ဆိုတော့ အဘက ခွင့်ပြုပေးရမှာပေါ့၊
သမီးက ကိုယ့်အိမ်ကိုယ့်ရာကို ပြန်မှာပဲ...အင်း.....အဘမှာ တားပိုင်ခွင့်မှမရှိပဲလေ"

"အဘကို သမီးမကြာမကြာလာတွေ့လှည့်မှာပါ အဘရဲ့၊ အဘသာ ကိုယ့်ကျန်းမာရေးကို
ကိုယ်ဂရုစိုက်နော်"

"အေးပါကွယ် အေးပါ"

သူမ မွေးစားဖခင်စီမှ ခွင့်ပြုချက်ရပြီးသည်နှင့် နောက်တစ်နေ့မနက်တွင် နန်းတော်သို့
ထွက်လာခဲ့တော့သည်။

All for you, my love (မင်းအတွက်ငါ)Dove le storie prendono vita. Scoprilo ora