Chapter-6

3.4K 334 17
                                    


ဗိုက်ဆာတစ်ဝက်၊မဆာတစ်ဝက်ဖြစ်နေသောရှန်းရှန်းသည် ဧည့်သည်တွေကိုနှုတ်ဆက်ပြီးလိုက်ပို့ရန် Big Boss ဘေးတွင်ရပ်နေရ၏။

ဖုန်းထန်သည် သူ၏မိသားစုနောက်ခံကြောင့် ဒီလိုအခမ်းအနားပွဲတွေကို အကျင့်ဖြစ်နေပြီဖြစ်၏။ သူက ကြည့်ကောင်းတဲ့အသွင်အပြင်နှင့်အတူ အခက်အခဲမရှိဖြစ်ကာ သူ့လှုပ်ရှားမှုမှာလည်း အနုပညာလက်ရာတစ်ခုလိုမျိုးပင်။

ရှန်းရှန်းနှင့်ဖုန်းထန်သည် ဘေးချင်ယှဉ်လျက် ရပ်နေကြ၏။ ထိုသူ၏ယောက်ျားဆန်ဆန်အသက်ရှုသံကို အနီးကပ်ခံစားလိုက်ရသောကြောင့် ရှန်းရှန်း၏နှလုံးသားလေးဟာ စည်းချက်မညီဘဲ ခုန်သွားရတော့သည်။

ဒါပေါ့ ရှန်းရှန်းက မြန်မြန်ပဲ စိတ်တည်ငြိမ်အောင်လုပ်လိုက်၏။ — Big Boss ကအရမ်းကြောက်စရာကောင်းတာပဲ! မင်းမှာ သွေးရူးသွေးတန်းခုန်ဖို့ အာရုံရှိသေးတယ်ပေါ့ မင်းအသက်မရှင်ချင်တော့ဘူးလား!

ဤသည်မှာ ရှန်းရှန်း ပထမဆုံးအကြိမ် ကြီးကျယ်ခမ်းနားသောအခမ်းအနားပွဲတွင် ပါဝင်ခြင်းဖြစ်ပြီး ယဉ်ကျေးသောစကားအနည်းငယ်မှလွဲ၍ သူမ ဘာပြောရမှန်းမသိဖြစ်နေလေသည်။ အချိန်အများစုတွင် သူမက ဖုန်းထန်ဘေးနားတွင်သာရပ်နေပြီး အတင်းအကျပ် ပြုံးထားကာ အတွင်းစိတ်ထဲတွင်တော့ ငိုကျွေးနေ၏ — ဝိုး ဒါက စီးပွါးရေးမှာ လူတွေနဲ့ အဆက်အသွယ် တည်ဆောက်ချင်နေတဲ့မြို့တော်ဝန်ပဲ၊ အာ ဒီလူအိုကြီးက XXX ရောင်းတယ်.. အရမ်းဈေးကြီးတဲ့ပစ္စည်းပဲ လုံးဝလူလိမ်တစ်ယောက်ပဲ!

သူ အရာအားလုံးကို ကိုင်တွယ်နိုင်တဲ့အချိန်မှာ Big Boss ကြီးက သူမကို အဘယ်ကြောင့်များ သူ့ဘေးနားမှာရပ်နေရန် ပြောလာတာလဲ ရှန်းရှန်း နားမလည်နိုင်ပေ။ ဖုန်းထန်က ကြွယ်ဝချမ်းသာသောလက်ထပ်ပြီးအမျိုးသမီးနှင့်တူသော တစ်စုံတစ်ယောက်အား စကားပြောနေစဉ် ရှန်းရှန်းမှာ သူမဖုန်းကိုခိုးကြည့်ရန် အခွင့်အရေးယူလိုက်သည်။ ဆယ်နာရီခွဲနေပြီ အာ.. ရှန်းရှန်း နည်းနည်းဝမ်းနည်းလာသလိုခံစားနေရ၏။ သူမ သူမအနောက်မှမေးလာသံကို ကြားလိုက်ရသည်။

"မင်းဘာလုပ်နေတာလဲ"

"အချိန်ကြည့်နေတာ ည(၁၂)နာရီကျော်သွားရင် တက္ကစီခေါ်ဖို့က အရမ်းဈေးကြီးတယ်"

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now