Interesting Tidbits - 3

1.8K 149 0
                                    

လက်ထပ်ပြီးနောက် ဘဝနှင့်ပတ်သတ်သည့် စိတ်ဝင်စားဖွယ်အချက်များ - ၃


ဝက်အသည်းနှင့်ပတ်သတ်သည့်အမှန်တရား

လက်ထပ်ပြီးတစ်ရက်တွင် ရှန်းရှန်း ဖုန်းယွဲ့နှင့်စကားစမြည်ပြောပြီး အတိတ်ကို ပြန်သတိရသွားလေသည်။ ကြီးကြယ်မြင့်မြတ်သောမမလေး၏ ဝက်အသည်းကြောင့်ဖြစ်ပေါ်လာသော ကံဆိုးမိုးမှောင်ကျမှုကြောင့် သူမ၏လက်ရှိ 'ရေနက်ပိုင်းနှင့်ချစ်ချစ်တောက်ပူသောမီး' ဘဝကို လေးလေးနက်နက် ခံစားစပြုမိနေပါပြီ။ သူမက ဝမ်းပန်းတနည်း ဆိုလာ၏။

"တစ်လလုံး ရှင် ကျွန်မကိုပေးခဲ့တဲ့ဝက်အသည်းက ကျွန်မကို တကယ်ဒုက္ခပေးခဲ့တယ်"

ဖုန်းယွဲ့ အံ့အားသင့်သွားပြီး

"ကျွန်မ ရှင့်ကို တစ်လလုံး ဝက်အသည်း ဘယ်တုန်းကပေးခဲ့တာလဲ? ရက်အနည်းငယ်လောက်ပဲ ပေးခဲ့တာပါ"

ရှန်းရှန်း "......"

ခဏကြာပြီးနောက် ရှန်းရှန်း ဘာဖြစ်ပျက်ခဲ့မှန်း သဘောပေါက်သွားပြီး ဒေါသတကြီးဖြင့်

"ဘယ်လောက်ထိတ်လန့်စရာကောင်းလိုက်လဲ ဒီည သူ့ကို စာကြည့်ခန်းထဲမှာ သေချာပေါက် အိပ်ခိုင်းရမယ်"

မစ္စဖုန်း ရှန်းရှန်းကို သံသယဖြင့် ကြည့်နေသည်။ သူ့အစ်ကိုကြီးကို သူမ ကောင်းကောင်းသိတယ်။ ဤအစ်ကိုကြီးက ငယ်စဉ်ကတည်းက ရက်စက်ယုတ်မာပုံရပြီး ဉာဏ်နီဉာဏ်နက်များသောကြောင့် ငယ်စဉ်ကပင် ယခုထက်ထိ သူမ သူ့ကို ပိုမိုကောင်းမွန်အောင် မလုပ်နိုင်ခဲ့ပေ။ ရှန်းရှန်း လုပ်နိုင်ပါ့မလား?

မကျေမနပ်ဖြစ်နှင့်နေပြီးသောရှန်းရှန်းသည် မစ္စဖုန်း၏သံသယမျက်လုံးများရှေ့တွင် ခေါင်းညိတ်ပြလိုက်၏။

နောက်နေ့မနက်စောစောမှာ မစ္စဖုန်းက ရှန်းရှန်းကို ဖုန်းခေါ်ပြီး

"ဘယ်လိုလဲ ဘယ်လိုလဲ? မနေ့ညက ကျွန်မအစ်ကိုကြီး စာကြည့်ခန်းထဲမှာ အိပ်ခဲ့လား"

သူမရဲ့အတင်းအဖျင်းပြောတတ်တဲ့သဘာဝကိုတော့ ခွင့်လွှတ်ပါ ၊ ဒါပေမဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ခြင်းက ကမ္ဘာပေါ်မှာ ပျင်းစရာအကောင်းဆုံးအလုပ်ပါပဲ။

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now