Interesting Tidbits - 5

3.4K 206 3
                                    


လက်ထပ်ပြီးနောက် ဘဝနှင့်ပတ်သတ်သည့် စိတ်ဝင်စားဖွယ်အချက်များ - ၅

အနာဂတ်ယောက္ခမလောင်းရှန်းရှန်းရဲ့စိုးရိမ်ပူပန်မှုများ

ဖုန်းထန်လုပ်ငန်းစုကြီးလက်အောက်ရှိ နည်းပညာကုမ္ပဏီတစ်ခု၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်သော မစ္စတာရှောင်းဟုခေါ်သော ပေကျင်း ကျစ်ယိနည်းပညာမှတာဝန်ခံနှင့်၎င်း၏ဇနီးဖြစ်သူသည် S မြို့မှ ဖြတ်သန်းမည်ဖြစ်သဖြင့် ဖုန်းထန်ဆီကို အထူးသွားရောက်လည်ပတ်ကြမည်ဖြစ်သည်။

ရှန်းရှန်းသည် ကျန်းဟူအိပ်မက်များ(၂)၏ဂိမ်းတီထွင်သူအကြီးအကဲက သူမအိမ်သို့ လာရောက်မည်ကို သိသည့်အချိန်မှစ၍ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည်။ သူမက ဖုန်းထန်ကို စပ်စုလိုဟန်ဖြင့် မေး၏။

"ရှင် မစ္စတာရှောင်းကို မြင်ဖူးလား သူကအရမ်းချောတယ်လို့ ကျွန်မကြားဖူးတယ်"

ဖုန်းထန် သူမကို စိုက်ကြည့်ရင်း

"ကိုယ် သူနဲ့တွေ့ဖူးပေမဲ့ သိပ်မမှတ်မိတော့ဘူး သူ့မိန်းမကတော့ အရမ်းလှတယ်"

သူ ရှန်းရှန်းကို နည်းနည်းလေး သဝန်တိုအောင်လုပ်ရန်မှာ ကျရှုံးသွား၏။ အဲဒီအစားက သူမက 'အိုး အိုး' ဟုသာ အော်ပြောလာခဲ့သည်။ ရှန်းရှန်းမျက်လုံးများက ပို၍ပင်တောက်ပလာရာ

"တကယ်လား? ဘယ်လောက်ပြီးပြည့်စုံတဲ့စုံတွဲလဲ!"

သူမ ပြောနေစဉ်တွင် စိုးရိမ်တကြီးဖြင့် အပြင်ကိုကြည့်ကာ

"ဘာလို့ဒီကိုမလာသေးတာလဲ"

နေ့လည်တစ်နာရီတွင် မစ္စတာရှောင်းနှင့်မစ္စရှောင်း အချိန်မှန်ရောက်လာသည်။ မစ္စတာရှောင်းက အမှန်တကယ် ချောမောကြည့်ကောင်းပြီး ပြိုင်ဘက်ကင်းအမူအရာဖြင့် ၊ မစ္စရှောင်းသည်လည်း အလွန်တောက်တောက်ပပပနှင့် လှပလွန်းသည်။ စုံတွဲတစ်တွဲသည် အချင်းချင်း၏ ထက်မြက်တောက်ပမှုကို ဖြည့်ဆည်းပေးသည့် နေနှင့်လကဲ့သို့ပင်။

သို့သော်!

အဲဒါက အဓိကအချက်မဟုတ်ဘူး!

အဓိကအချက်က မစ္စတာရှောင်းနဲ့မစ္စရှောင်းက ကောင်လေးတစ်ယောက်ကို လက်တွဲထားတာပဲ!

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now