Chapter-29

2.5K 252 5
                                    



မစ္စရွှယ်က နေ့လယ်စာစားရန် အမြဲအပေါ်တက်မလာတော့တာကြောင့် ဥက္ကဌဖုန်းထန်၏စိတ်အခြေအနေက သိပ်မကောင်း။ နှစ်သစ်ကူးအားလပ်ရက်အတွင်းမှာ ဖုန်းထန်နဲ့မစ္စရွှယ်က မချစ်ကြသေးဘူးဆိုတာ ဖြစ်နိုင်ပါ့မလား?

ဒါက ဥက္ကဌဖုန်းရဲ့သာမာန်စွမ်းဆောင်ရည်မြင့်မားတဲ့ပုံစံနဲ့ ကိုက်ညီမှုမရှိဘူး။

တနင်္လာနေ့ ဘုတ်အဖွဲ့အစည်းအဝေးတွင် အကြီးတန်းလက်ထောက်ဖန်းသည် သူ၏အထက်တန်းစားလက်ထောက်အသွင်အပြင်ကို ထိန်းသိမ်းထားပြီး အစုရှယ်ယာရှင်များ၏ကိုယ်စားလှယ်များ စကားသံများကို အဆုံးအဖြတ်မပေးဘဲ နားထောင်နေသော်လည်း သူ့စိတ်ကမူ မိုင်သန်းပေါင်းများစွာအဝေးတွင် ရောက်နေလေသည်။

ထင်တားသည့်အတိုင်း အစည်းအဝေးအပြီးတွင် သူ ဥက္ကဌရုံးခန်းမှ အခေါ်ခံလိုက်ရသည်။ အနက်ရောင်စားပွဲခုံနောက်မှာထိုင်ရင်း ဖုန်းထန်က အချိန်အတော်ကြာစဉ်းစားနေပြီးမှ

"ရုံးတွင်းအချစ်ဇာတ်လမ်းကို ငါတို့ကုမ္ပဏီမှာ ခွင့်မပြုထားဘူးလား?"

အကြီးတန်းလက်ထောက်ဖန်းက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေ၏။

"အဲလိုပြောပုံရတယ်"

"ငါက ဒီစည်းမျဥ်းကို ဘာလို့မသိရတာလဲ"

"သတင်းစကားအမှားအယွင်းက မမှန်မကန်ပျံ့နှံ့နေတာဖြစ်နိုင်ပါတယ်"

အကြီးတန်းလက်ထောက်ဖန်းက နားလည်သဘောပေါက်စွာဖြင့်

"ရှင်းရှင်းလင်းလင်းလုပ်ဖို့ ကျွန်တော် အခွင့်အရေးရှာလိုက်ပါမယ်"

"မလိုဘူး"

သူ့လက်ချောင်းတွေဟာ စားပွဲကိုခေါက်နေလျက် ဖုန်းထန်က အမူအရာကင်းမဲ့စွာဖြင့် ပြောလာ၏။

"အလုပ်အပေါ်မှာပဲ လုံးလုံးလျားလျား အာရုံစိုက်ထားတာက ကုမ္ပဏီရဲ့စိတ်ဝင်စားမှုနဲ့ ပိုပြီးလိုက်လျောညီထွေဖြစ်စေတယ်"

တကယ်တော့ သူ့ကိုယ်ပိုင်တိုးတက်မှုက မချောမွေ့သဖြင့် တခြားသူတွေ ချောချောမွေ့မွေ့ ဖြတ်သန်းနေတာကိုလည်း သူမမြင်ချင်ဘူး။ သူ၏ပုံမှန်တည်ငြိမ်သောအမူအရာဖြင့် အကြီးတန်းလက်ထောက်ဖန်းက

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now