Chapter-27

2.7K 226 1
                                    



ပါးပါးရွှယ်နှင့်မားမားရွှယ်တို့ အောက်ထပ်ဆင်းလာကြပြီး ရှန်းရှန်းကိုတွေ့သောအခါ သူတို့မှာ သူမအား စတင်မကျေမနပ်ပြောလာကြတော့သည်။ သူမအား ဒုက္ခအများကြီးဖြစ်စေသည့်အကြောင်းနှင့် လေယာဉ်ခအတွက် အပိုငွေအကုန်အကျခံကြောင်းကို ညည်းညူကြလေ၏။

သေတ္တာကြီးနှစ်လုံးကိုမြင်လိုက်ရလျှင် ပထမတော့ သူတို့ အံ့ဩသွားခဲ့ကြသည်။ ထို့နောက်တွင်မူ လက်ဆောင်အများကြီးဝယ်ရန်အတွက် သူမပိုက်ဆံကို အလဟဿ ဖြုန်းတီးကြသည်ဟု ညည်းညူကြပြန်၏။ ရှန်းရှန်းမှာ သူတို့၏ဂရုစိုက်မှုနှင့်ချစ်ခင်မှုကို ပြသသည့်နည်းလမ်းဖြစ်သော သူမမိဘများ၏ညည်းညူသံများကို နားထောင်နေရင်း ပြုံးနေမိသည်။

ယနေ့တွင် ပါးပါးရွှယ်ဆွေမျိုးများက ရှန်းရှန်းတို့အိမ်တွင် မိသားစုညစာစားရန် လှည့်လာကြသည်။ သူမက ပြန်လာတာနောက်ကျသဖြင့် သူတို့တွေက သူမကို မစောင့်တော့ဘဲ ထမင်းစားထားနှင့်ကြသည်။ အဖိုး၊ အဖွား၊ ဘကြီးနှင့်ဦးလေးငယ်အပါအဝင် သူတို့မိသားစုများအားလုံး ဒီကိုရောက်နေကြပြီး စားပွဲတစ်လုံးဖြည့်ရုံဖြင့် လုံလောက်ပါသည်။

ရှန်းရှန်း ပြန်ရောက်လာသည်ကိုမြင်တော့ အားလုံးက သူတို့တူများကို ချထားလိုက်ကြသည်။ အဖိုးက အရမ်းပျော်နေပြီး သူ့မျက်လုံးတွေပိတ်သွားတဲ့အထိ ပြုံးရွှင်နေကာ

"ရှန်းရှန်းလေး ပြန်လာပြီ"

ရှန်းရှန်း သူတို့တွေကိုမတွေ့ရသည်မှာ ခြောက်လလောက်ရှိနေပြီဖြစ်သဖြင့် ပြေးသွားပြီး ပွေ့ဖက်လိုက်၏။

"အဖိုး အဖွား"

ရှန်းရှန်း အားလုံးကို နှုတ်ဆက်၏။ အဖွားက ချစ်ခင်ကြင်နာစွာဖြင့်

"မြန်မြန်ထိုင်ပြီးစားတော့ လေယာဉ်စီးရတာပင်ပန်းနေပြီလား? သူခိုးတွေကတကယ်ဆိုးတာပဲ နှစ်သစ်ကူးမှာတောင် ပစ္စည်းခိုးနေသေးတယ်"

ရှန်းရှန်း ရယ်မိလိုက်၏။

မားမားရွှယ်က သူမလက်ထဲရှိပစ္စည်းများကို အဝေးတွင်ထားပြီးနောက် သူမက လူတိုင်းအား လျင်မြန်စွာ ကြိုဆိုလိုက်သည်။

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now