Chapter-26

2.8K 224 1
                                    


ထိုညတွင် ဖုန်းထန်က 'ကိုယ်တို့ကြိုးစားကြည့်ကြမယ်' ဆိုသောစကားကိုပြောပြီးနောက် အရာအားလုံးဟာ အတန်ငယ် အစစ်အမှန်မဟုတ်တော့သလို့ ထင်ရပါ၏။

နွေးထွေးသောနှုတ်ခမ်းပါးများက သူမနဖူးပြင်နှင့် ကင်းကွာသွားပြီးနောက် ရှန်းရှန်း အံ့အားသင့်နေသည်။ ဖုန်းထန်က သူမကို ဆက်ပြီးနမ်းချင်နေပုံရပေမဲ့လည်း သူမမျက်ဝန်းများထဲမှ ငေးကြောင်ကြောင်အမူအရာလေးကို မြင်လိုက်ရသည့်အခါ ထိုအစား သူ ရယ်မောလိုက်မိပါသည်။ သူ နောက်ပြန်ဆုတ်၍ သူမနှင့်ခပ်လှမ်းလှမ်းတွင်နေလျက်

"မေ့လိုက်တော့"

ကိုယ် ဖြည်းဖြည်းချင်းပဲသွားတော့မယ်...

သူ့ဖုန်းကိုကောက်ကိုင်ရင်း သူမအား မေးမြန်းလာ၏။

"မက်ဆေ့ချ်တစ်စောင်တည်းပဲလား"

သူမ ခေါင်းညိတ်၏။

ဖုန်းထန် သူ့ဖုန်းကိုပိတ်၍ စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် သူမအား သူ့စာကြည့်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့၏။ အစကတော့ သူမကို စစ်တုရင်ကစားနည်းသင်ပေးချင်သော်လည်း သူမက အမှန်တကယ်ငေးတိငေးမောဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူ လက်လျှော့လိုက်သည်။

သို့ဖြစ်၍ သူတို့နှစ်ယောက် စာအုပ်တစ်အုပ်စီ အသီးသီးဖတ်နေကြ၏။

ရံဖန်ရံခါတွင် သူမက အသီးနည်းနည်းသွားယူ၏။

ရံဖန်ရံခါတွင် သူမက လက်ဖက်ရည်ဖျော်ရန် ထထွက်သွား၏။

ရံဖန်ရံခါတွင် သူမက သူနှင့် ထွေရာလေးပါး စကားအနည်းငယ်ပြောတတ်သည်။ ရှန်းရှန်းက သူမရွေးထားသောစာအုပ်ကိုကိုင်ကာ စာမျက်နှာများစွာကို လှန်လိုက်သည်။

ညဆယ့်နှစ်နာရီတွင် မှောင်မိုက်နေသောကောင်းကင်ပြာကြီးဟာ တောက်ပပြီးလှပသောမီးရှူးမီးပန်းများဖြင့် လင်းလက်နေသည်။ စာကြည့်ခန်းထဲရှိ ပြင်သစ်ပြတင်းပေါက်ရှေ့တွင် ရပ်နေပြီး ပတ်ပတ်လည်တွင် မြင့်မားသောမိုးမျှော်တိုက်များမရှိသောကြောင့် မင်း အဝေးကြီးကိုတောင် မြင်ရနိုင်ပေ၏။ ရှန်းရှန်း သူမလက်ထဲမှစာအုပ်ကိုချ၍ မီးရှူးမီးပန်းများကြည့်ရန် ပြတင်းပေါက်ဆီသို့ ပြေးသွားလေသည်။

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now