Chapter-35

3.4K 272 8
                                    



ရှန်းရှန်းသည် ရွှမ်းယိထံမှ အတင်းအဖျင်းဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိသောအခါတွင်မှ သူမနှင့်ဖုန်းထန်ဟာ တကယ်တမ်း တစ်နှစ်ခွဲခန့်လောက် လက်တွဲလာခဲ့ကြောင်း နားလည်သဘောပေါက်သွားသည်။ ရွှမ်းယိက ဖုန်းထဲမှာ အလွန်စိတ်အားထက်သန်နေပုံရကာ

"ရှန်းရှန်း ငါ ဝတ္ထုရေးဖို့ ပျောက်သွားတဲ့အချိန်လေးမှာ နင်တို့နှစ်ယောက်ကြားမှာ တခြားလူတွေကို ပြောပြလို့မရနိုင်တဲ့အရာတစ်ခုခု ဖြစ်ခဲ့တာလား"

ရှန်းရှန်း လက်လျှော့၍

"တခြားလူတွေကိုပြောပြလို့မရနိုင်ဘူးဆိုမှတော့ နင်က ငါ့ကို ဘာလို့လာမေးနေသေးတာလဲ နင်ကရောလူမဟုတ်ဘူးလား"

"ဟေး ရှန်းရှန်း နင် အရမ်းစကားပြောကောင်းလာတာပဲနော် နင့်ရဲ့ဘော့စ်ကရော စကားပြောကောင်းတာပဲလား"

"ကောင်းတယ်"

Big Boss ၏ကျေးဇူးကြောင့် မကြာသေးမီက ရှန်းရှန်းသည် အောင်မြင်သူများဟုခေါ်သော လူအများအပြားကို တွေ့ခွင့်ရခဲ့သည်။ အောင်မြင်သောလူအများစုတွင် တူညီသောဝိသေသလက္ခဏာများရှိသည်ကို သူမ တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ လူများကို လိမ်လည်လှည့်ဖြားနိုင်စွမ်းရှိသူများဖြစ်ကြသည်။

'တစ်ယောက်၏အမူအကျင့်ကိုတစ်ယောက်ကယူသည်' ဟူသောစကားအတိုင်း ယင်းက သူမ၏စကားအပြောအဆို တိုးတက်လာရခြင်း၏အကြောင်းရင်းဖြစ်သောကြောင့် ရွှမ်းယိက သူမအား ချီးကျူးလိုခြင်း ဖြစ်နိုင်ပါသလား?

သူမ ဤသို့တွေးနေချိန်တွင် ရွှမ်းယိက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်ကို ကြားလိုက်ရ၏။

"တကယ်ပါပဲ တကယ်ပါပဲ! နမ်းလိုက်တာက တစ်ဖက်လူရဲ့ထက်မြက်တဲ့စွမ်းရည်ကို တကယ်လွှမ်းမိုးနိုင်တာပဲ အား! ရှန်းရှန်း နင့်ရဲ့နှုတ်စလျှာစအဆင့်က တိုးတက်လာတာ မြန်လိုက်တာ.. နင်တို့နှစ်ယောက်လုံး အများကြီးလေ့ကျင့်ခဲ့တာပဲဖြစ်မယ် ဟုတ်တယ်မလား"

" ! ! "

ရှန်းရှန်း ပေါက်ကွဲထွက်လာကာ

"လုရွှမ်းယိ!"

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now