Interesting Tidbits - 1

2.5K 155 0
                                    

လက်ထပ်ပြီးနောက် ဘဝနှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ်အချက်များ - ၁

လက်ထပ်ပြီးနောက် တစ်ရက်တွင် ဖုန်းထန်သည် ရှန်းရှန်း၏ဖုန်းထဲ၌ သူ့ဖုန်းသံမှာလည်း အခြားအမျိုးသားများနှင့်အတူတူဖြစ်နေကြောင်း မမျှော်လင့်ဘဲ တွေ့ရှိသွားခဲ့သည်။

သူ ချက်ချင်း ဒေါသထွက်လာပြီး သူ့ဖုန်းသံကို အခြားသူများနှင့်မတူစေရန် ရှန်းရှန်းကို ပြောင်းခိုင်းလိုက်သည်။ သူ ဒေါသမထွက်ခင်မှာပဲ ကြောက်လန့်တကြား တုန်လှုပ်နေသော ရှန်းရှန်းက

"ကျွန်မဖုန်းမှာ ဖုန်းသံနှစ်မျိုးပဲရှိတယ်.. ယောက်ျားလေးတွေအတွက်တစ်မျိုး မိန်းကလေးတွေအတွက်တစ်မျိုး၊ ဘော့စ် ရှင်က တတိယအမျိုးအစားဖြစ်ချင်တာလား"

*****

N အပိုင်းများ.... အားလုံးသည် အွန်လိုင်းနာမည်ပြောင်များကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း။

ဟိုးရှေးရှေးတုန်းက ရှန်းရှန်းရဲ့အွန်လိုင်းနာမည်ပြောင်မှာ တစ်လျှောက်လုံး 'စာမေးပွဲများမရှိ' ဖြစ်ခဲ့တယ်လို့ဆိုတယ်။ ဖုန်းထန်အဖွဲ့အစည်းသို့ဝင်ရောက်ပြီးနောက် QQ၊ အွန်လိုင်းဂိမ်းများနှင့်ဆွေးနွေးခန်းများ စသည်တို့တွင် သူမ၏အမည်ပြောင်မှာ.... အရာအားလုံးကို 'ဘော့စ်ကိုအနိုင်ယူပြီးကောင်းကောင်းအိပ်' ဟူသော သူရဲကောင်းဆန်ဆန် နာမည်ပြောင်အဖြစ် ပြောင်းလဲခဲ့သည်။

နာမည်ပြောင်ကိုယ်တိုင်က ပြဿနာမဟုတ်ဘူး။ အချိန်အတန်ကြာပြီးနောက်မှာတောင် ရှန်းရှန်းရဲ့ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပိုမိုကောင်းမွန်လာစေခဲ့သည်။ သို့ရာတွင် လက်ထပ်ပြီးနောက်၌ ရှန်းရှန်းမှာ လာမည့်အန္တရာယ်ကို သတိမပြုမိသေးဘဲ ပြန်ပြောင်းရန် မေ့လျော့သွားခဲ့သည်။

ရလဒ်အနေနှင့်...

ဟန်းနီးမွန်းမှပြန်လာပြီးနောက် ပထမညတွင် သူမရေချိုးပြီးသွားသောအခါ အိပ်ယာပေါ်တွင် Laptop တစ်လုံးကိုကိုင်၍ QQ တွင် ရွှမ်းယိနှင့် စကားပြောနေသည်။

[ ယိမိသားစု၊ယိအိမ်ရဲ့ကျီစားသန်သူတစ်ဦး : ငါ့ကို ဓာတ်ပုံများများပို့ပေး လူမပါတဲ့ရှုခင်းပုံတွေပဲ လိုချင်တာနော်.. ဒါမှ ငါ့စိတ်ကူးစိတ်သန်းကို ပိုကောင်းအောင် အသုံးချနိုင်မှာ အဲ့တာတွေကို ကုန်ကြမ်းအရင်းအမြစ်အဖြစ် သုံးချင်လို့ ]

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now