Chapter-23

2.8K 258 4
                                    



ရှန်းရှန်း ကောင်းကောင်းအိပ်ပျော်ခဲ့၏။ နောက်တစ်နေ့ သူမ အိပ်ရာမှနိုးလာချိန်တွင် လန်းဆန်းတက်ကြွမှုအပြည့်ပင် ၊ ဆေးကြောသန့်စင်ပြီးသည်နှင့် သူမ တံခါးဖွင့်လိုက်သောအခါ ရှောင်ကျူးက အပြင်မှာစောင့်နေကြောင်း တွေ့လိုက်ရသည်။ သူမကိုမြင်လျှင် ချက်ချင်းပင် ရှေ့သို့လျှောက်လာကာ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လာ၏။

"မစ္စရွှယ် မင်္ဂလာနံနက်ခင်းပါ"

ရှန်းရှန်းလည်း ပြန်နှုတ်ဆက်၏။

"မင်္ဂလာနံနက်ခင်းပါ"

"မစ္စရွှယ် အခု မနက်စာစားဖို့အတွက် ထမင်းစားခန်းထဲကိုသွားတော့မလား"

"အာ....."

ရှန်းရှန်း တုံ့ဆိုင်းနေ၏။ သူမက တစ်စုံတစ်ဦးရဲ့အိမ်မှာ ဧည့်သည့်တစ်ယောက်ဖြစ်နေသဖြင့် ဒါကို ယဉ်ကျေးမှုမရှိဘူးလို့ ယူဆလို့ရတယ်မလား?

ရှောင်ကျူးက သူမစိတ်ကိုဖတ်ပြီး ချက်ချင်းစကားဆိုလာသည်။

"အစောပိုင်းက မစ္စတာဖုန်းက မစ္စရွှယ်ကို မနက်စာစားဖို့ ခေါ်ဆောင်လာဖို့ ညွှန်ကြားထားပါတယ် မစ္စဖုန်းလဲဒီမှာရှိပါတယ်"

"မစ္စဖုန်း?"

ရှန်းရှန်း အံ့ဩသွား၏။

ရှောင်ကျူးက ခေါင်းညိတ်၍

"ဟုတ်ပါတယ် သူမက မနက်အစောကြီး လာခဲ့တာပါ"

ဖုန်းယွဲ့က စားချင်စိတ်သိပ်မရှိဘဲ ယာဂုပန်းကန်ကို မွှေနေလေသည်။ တကယ်တော့ သူမဟာ မနက်စာစားရုံဖြင့် မနက်အစောကြီး ရောက်လာတာမဟုတ်ဘူး ၊ နည်းနည်းလောက်ထပ်မွှေပြီး နောက်ဆုံးတော့ သူမ သည်းမခံနိုင်တော့ဘဲ မေးလိုက်ပါတော့၏။

"အစ်ကို မစ္စရွှယ်က ကျွန်မတို့နဲ့အတူနှစ်သစ်ကူးဆင်နွှဲဖို့ နေမှာလား"

ဖုန်းထန်က သူမကို စိုက်ကြည့်၍

"မင်းကအရမ်းအကြားအမြင်ကောင်းတာပဲ"

ဖုန်းယွဲ့က နည်းနည်းရှက်ရွံ့သွားရကာ အော်ပြောလိုက်ပါ၏။

"အစ်ကို"

"အမ်?"

"......အစ်ကို မစ္စရွှယ်ကိုကြိုက်လား"

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now