Chapter-13

2.7K 305 7
                                    



သူမက နေမကောင်းဖြစ်နေတာကြောင့်!

ဖုန်းထန် သူ့လက်တွေကို လက်သီးဆုပ်ထားပြီး သူမအား လွှင့်ပစ်လိုက်ချင်သည့်စိတ်ဆန္ဒကို ခုခံထားရသည်။

စားပွဲပေါ်ကဖုန်းက အချိန်ကိုက် မြည်လာ၏။ ဖုန်းထန် အပြင်သို့လျှောက်သွားပြီး ပြောသည်။

"ဆေးသောက်ပြီးအိပ်တော့ မင်းကိုဘာမှပြောခွင့်မပြုဘူး အသံထွက်လာရင် ကိုယ် မင်းရဲ့နှစ်ကုန်ဘောနပ်စ်ကို ဖြတ်ပစ်မယ်"

သူမရဲ့နှစ်ကုန်ဘောနပ်စ်ကိုဖြတ်ဖို့ခြိမ်းခြောက်တယ်.... ဒါက Big Boss တွေးနိုင်တဲ့ တစ်ခုတည်းသောခြိမ်းခြောက်မှုလား?

ခေတ္တမျှငြိမ်သက်နေပြီးနောက် ရုတ်တရက် ရှန်းရှန်း သွားဖို့လိုအပ်ကြောင်း သတိရသွား၏။ သူမက ဘာလို့နေရမှာလဲ? ဒါပေမဲ့ သူမ အခု ထွက်သွားလိုက်လို့ လူတွေက သူမကိုမြင်သွားမယ်ဆိုရင် ထူးဆန်းနေမှာလား?

ရှန်းရှန်းသည် သူမလက်နှစ်ဖက်ဖြင့်မေးထောက်ထားရင်း အိမ်သို့ပြန်ရန် ဥက္ကဌကြီးရုံးခန်းမှ လျှို့ဝှက်စွာ လစ်ထွက်လာနိုင်ခြေကို တွေးတောနေလေသည်။ အဆုံးသတ်သုံးသပ်ချက်ကတော့ ဖြစ်နိုင်ချေကသုညပဲ ၊ ရှန်းရှန်း မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားပြီ။

Big Boss ၏ဂုဏ်သတင်းကို ကာကွယ်ရန်အတွက် သူမသည် မထွက်ခွာမီ လူတိုင်းအိမ်ပြန်သွားသည်ကို စောင့်ရမည်ဖြစ်၏။ Big Boss ကတော့ သူမကို ကန်ထုတ်ပစ်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။

ဧည့်ခံသည့်နေရာကလိုက်ကာတွေကို ဆွဲပိတ်လိုက်ချိန်မှာတော့ screen တစ်ခုနှင့်အတူ အတော်လေးမှောင်တဲ့နေရာတစ်ခုကိုဖန်တီးလိုက်၏။ ရှန်းရှန်း မတ်တပ်ထရပ်သည်။ တိတ်တိတ်နေခိုင်းခဲ့သော Big Boss ၏အမိန့်ကိုတွေးရင်း လိုက်ကာတွေကိုပြန်ဆွဲရန် ဖြည်းဖြည်းချင်းရွေ့သွားလိုက်၏။ ဆောင်းရာသီနေရောင်ခြည်က အတွင်းဘက်သို့ လျင်မြန်စွာ ကျရောက်လာသည်။

ဆောင်းရာသီနေရောင်ခြည်က ဖျော့ဖျော့လေးဆိုပေမဲ့လည်း ကိုယ်ပေါ်တွင်တော့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည့်ခံစားချက်ဖြစ်သော နွေးထွေးမှုလွှမ်းခြုံထားသလို ခံစားချက်မျိုးပေး၏။ ရှန်းရှန်းသည် နေပူဆာလုံရန် ပြတင်းပေါက်ဆီသို့ လှည့်ကြည့်လိုက်သည်။

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now