Part-4(U+Z)

1.1K 122 15
                                    

  လှပစွာ ခါးသက်သော🧡
     Part-4
             

  ဒေါ်နှောင်ကြိုးခင် ခွန်း ဖုန်းပြောနေသည်ကိုဆက်နားမထောင်တော့ပဲ....အပေါ်ထပ်သို့ တက်လာခဲ့သည်။

   မေမေ့အခန်းထဲသို့ ဝင်လာခဲ့တော့.....
ကုတင်ခေါင်းရင်းမှာချိတ်ထားသော...မေမေ့ဓါတ်ပုံက သူမကို ပြုံး၍ကြည့်နေသည်။

   "သမီးကို ခွင့်လွှတ်ပါ...သမီးမေမေ့ကို..မစောင့်ရှောက်နိုင်ခဲ့ဘူး....အဟင့်"

   သူမမျက်ရည်ကျကာ...ပြောနေမိသည်။

မေမေက သူမ ဘဝတစ်ခုလုံး..ကို အရာရာအဆင်ပြေအောင်...တာဝန်ကျေခဲ့ပေမယ့်...သူမကတော့ မေမေ့အပေါ် တာဝန်မကျေခဲ့ဘူး။

   ဒါတွေအားလုံး မင်း မှာတာဝန်ရှိတယ်.. ခွန်းချိုခ....

   မင်းအမကြောင့် တို့ကျခဲ့တဲ့ မျက်ရည်တွေနဲ့.....
တို့အမေအတွက် တို့ခံစားခဲ့ရတာတွေ အားလုံး.....မင်းပြန်ပေးဆပ်ရမယ်.....ခွန်းချိုခ။

  ဒေါ်နှောင်ကြိုးခင် သူမအခန်းထဲသို့ ပြန်လာခဲ့ပြီး...ရေချိုးခန်းထဲဝင်ခဲ့တော့...

   " ကျစ်..."

သူမ ဒေါသများနှင့် အခန်းအပြင်သို့ထွက်ကာ...အောက်ထပ်သို့ဆင်းခဲ့ပြီး...

   "ခွန်း...လာခဲ့စမ်း..."

ခွန်း လက်မောင်းကို ရုတ်တရက်လာဆွဲသောကြောင့်..ခွန်း လန့်သွားကာ...

   "အန်တီ ဘာလုပ်တာလဲ.."

   ဒေါ်နှောင်ကြိုးခင် ဘာမှပြန်မပြောပဲ...အပေါ်ထပ်သို့ ဆွဲခေါ်လာပြီး...သူမရေချိုးခန်းထဲသို့ ခေါ်လာကာ..ခွန်းကို ရေချိုးကန်ထဲသို့ တွန်းချလိုက်သည်။

    " ဗွမ်း.."

" အ..အန်တီ...ခွန်းကို ဘာလုပ်တာလဲ..."

" မင်းခံစားကြည့်လေ...မင်းရေနွေးစပ်ထားတာ ဘယ်လိုလဲဆိုတာ.."

  ခွန်း ရေပူရေအေး စပ်နေစဥ်..ဖုန်းလာသောကြောင့်...ရေပူသာ ထည့်ထားပြီး..ရေအေးမထည့်ရသေးပါ။

  ထို့ကြောင့် ရေက ပူနေသည်။

  " ပြောလေ..ခွန်း...မင်းဘယ်လိုခံစားရလဲ..မင်းတမင်လုပ်ထားတာမဟုတ်လား.."

လှပစွာ ခါးသက်သော🧡Where stories live. Discover now