လှပစွာ ခါးသက်သော🧡
Part-5" ဒါက ဘယ်လိုဖြစ်တာလဲ....ခင်တို့ company ရဲ့ design က ဘာလို့ သူများ company ဆီရောက်သွားရတာလဲ...ရှင်တို့ဘယ်လိုတာဝန်ယူမလဲ...."
" ကျွန်မတို့လဲ...ကျွန်မတို့ design ကို အခြား company ကသုံးသွားတာ...ဘယ်လက်ခံနိုင်မလဲ...ဒါပေမယ့်လဲ အခုဘာမှလုပ်လို့မှမရတော့တာ...သေချာတာကတော့...ကျွန်မတို့ design ဋ္ဌာနကလုံခြုံမှု မရှိတော့ဘူးဆိုတာပဲ..."
" လုံခြုံရေးတွေ ခင် ထပ်မြင့်ပေးမယ်...ပြီးတော့...design ကို ရှင်တို့ designer သုံးယောက်ကလွဲရင်....ဘယ်သူမှ မသိပါစေနဲ့...ဒီလို ကိစ္စသာ ထပ်ဖြစ်ရင်..ခင် ရှင်တို့ကို တရားစွဲလို့ရတယ်ဆိုတာ သိထားပေးပါ...အားလုံးသွားနိုင်ပါပြီ..."
ဟူး.....
ဒီနှစ်ဟာ...ခင့် အတွက်ကံဆိုးခြင်းတွေသာ..ရောက်လာစေတဲ့နှစ်လား....
သေချာတာ တစ်ခုကတော့....company မှာ..မယုံကြည်ရတဲ့သူ တစ်ယောက်ရှိနေပြီ...
" ခင် အဲ့လောက်လဲ စိတ်ညစ်မနေပါနဲ့ကွာ....ကိုကိုတို့ company လုံခြုံရေး စနစ် cctv နဲ့ လျို့ဝှက် camera တွေတပ်ထားဖို့ လိုပြီလို့ ကိုကိုထင်တယ်..."
" ဟုတ်တယ် ခင် လဲအဲ့ဒါပဲ စဥ်းစားနေတာ..."
" ခင် စိတ်မပူပါနဲ့ ကိုကို အားလုံးတာဝန်ယူပြီး လုပ်လိုက်ပါ့မယ်...ရော့ coffee သောက်...ခင့် အတွက် ကိုကိုဝယ်လာတာ..."
" thank ကိုကို..."
ဒေါ်နှောင်ကြိုးခင် ဘာမှတွေးမနေတော့ပဲ...coffee သာမော့သောက်လိုက်သည်။
ခွန်း ဒေါ်နှောင်ကြိုးခင်ကို ထမင်းပို့ရန် လာစဥ်...
" ဟင်... ဟိုရှေ့ကတစ်ယောက်ကမအေး မဟုတ်လား....ဦးရန်ရှင်းပြောတော့ မအေးက ရွာပြန်သွားပြီဆို...."
ခွန်း မိအေး နောက်သို့လိုက်ခဲ့သည်။မိအေး ဝင်သွားတာ ခြံကြီး တစ်ခြံထဲသို့....
" မအေးက ဒီခြံမှာပြောင်းပြီး အလုပ်လုပ်နေတာလား..."
ခွန်း အပြင်လေးကကြည့်နေစဥ်မှာပဲ....
ခြံထဲသို့ ဝင်သွားသော ကားတစီး...

ВЫ ЧИТАЕТЕ
လှပစွာ ခါးသက်သော🧡
Любовные романыခါးသက်သော တွေ့ဆုံမှုအောက်မှာ လှပစွာ အဆုံးသတ်ပါရစေ။ ခွန်းချိုခ🧡 အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင် အန်တီ ခွန်းကို ချစ်တယ်လို့ပြောခဲ့မှာပါ။ နှောင်ကြိုးခင်🧡 ခါးသကျသော တှဆေုံ့မှုအောကျမှာ လှပစှာ အ...