လှပစွာ ခါးသက်သော🧡
Part-9သူမတို့နှစ်ယောက် စမ်းချောင်းရဲ့ ကျောက်ဆောင်တစ်ခုပေါ်တွင် နေပူစာ လှုံရင်း ထိုင်နေမိကြသည်။
ဒေါ်နှောင်ကြိုးခင် စိတ်ထဲ သူ၏ကိုယ်ထဲမှ သွေးများ ယာယံလာသလိုလို...တခုခုကိုပဲ တောင်းတနေသလိုလို...စိတ်ထဲတွင် အလိုမကျသလိုလို ဖြစ်နေမိသည်။
" ဒါဆို အန်တီ့ကို သတ်ချင်နေတာ အန်တီ့ရဲ့ အတွင်းရေးမှူးပေါ့ ဟုတ်လား..."
" အင်း.."
" ဟွန်း အန်တီ့မှာကလဲ ရန်သူတွေများလိုက်တာ...."
" ဘာ..ခွန်းဘာကိုပြောချင်တာလဲ.."
ခွန်း ဒေါ်နှောင်ကြိုးခင်၏ ပုံစံကိုကြည့်ပြီး....
"အန်တီ ဘာဖြစ်နေတာလဲ...နေမကောင်းဘူးလား..."
"တို့မသိဘူး...တို့ဘာဖြစ်ချင်နေမှန်း တို့ကို တို့လဲမသိဘူး..."
ခွန်း ဒေါ်နှောင်ကြိုးခင် အနားသို့လာကာ...
နဖူးကို စမ်းကြည့်တော့လဲ...ကိုယ်ကမပူပါ။"အန်တီ...အန်.. အန်တီ ကော်ဖီအရမ်းသောက်ချင်နေတယ်...ဟင်း"
" ဟင်...ကော်ဖီ သောက်ချင်နေတယ်..ဟုတ်လား.နေပါဦး အန်တီ့အကို ဝယ်ပေးတဲ့ကော်ဖီလား..."
" အင်း..."
" မဖြစ်သေးပါဘူး....အန်တီအခုဖြစ်နေတဲ့ လက္ခဏာ နဲ့ဆို...ခွန်းတွေးကြည့်တာ မမှားရင်...အဲ့ကော်ဖီ ထဲမှာ...မူးယစ်ဆေး တွေပါနေမယ် ထင်တယ်..."
" ဘာ...ခွန်းဘာပြောတယ်..မင်းရူးနေလား.."
" ရူးနေတာက...ခွန်းမဟုတ်ဘူး....အန်တီ့အကို.."
" တော်တော့နော်..အေးအေးဆေးဆေး နေတယ့် တို့အကိုကို ဘာလို့ မင်းစွပ်စွဲနေရတာလဲ..."
"ကျစ်...အန်တီခံစားရတာ ပိုဆိုးလာတယ်မဟုတ်လား..."
" အင်း သွေးထဲမှာယားနေသလိုလို...ကော်ဖီသောက်မှ သက်သာမယ်ထင်တယ်..."
ခွန်း ခေါင်းလေးရမ်းကာ..
" မဖြစ်တော့ဘူး...အန်တီ ခွန်းကိုခွင့်လွှတ်နော်.."
ဟုဆိုကာ....ခွန်း ကျောက်ခဲ ချွန်ချွန်လေး တစ်ခုရှာကာ....ဒေါ်နှောင်ကြိုးခင်၏ လက်မောင်းနားကို ခြစ်လိုက်တော့....

VOCÊ ESTÁ LENDO
လှပစွာ ခါးသက်သော🧡
Romanceခါးသက်သော တွေ့ဆုံမှုအောက်မှာ လှပစွာ အဆုံးသတ်ပါရစေ။ ခွန်းချိုခ🧡 အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင် အန်တီ ခွန်းကို ချစ်တယ်လို့ပြောခဲ့မှာပါ။ နှောင်ကြိုးခင်🧡 ခါးသကျသော တှဆေုံ့မှုအောကျမှာ လှပစှာ အ...