Part-15.End(U+Z)

2.8K 146 36
                                    

  လှပစွာ ခါးသက်သော🧡
part-15(ဇာတ်သိမ်းပိုင်း)

ဒေါ်နှောင်ကြိုးခင် သူ့ကို ခွန်း ချစ်ခဲ့မှန်း သူတကယ်မသိခဲ့ပါ....
ခွန်း ပြောသလို..သူက တကယ်ငတုံးပါ.....

ဒေါ်နှောင်ကြိုးခင် စာရွက်လေး နောက်တစ်ရွက်လှန်လိုက်တော့....

- ခွန်းက ဒီဇာတ်လမ်းမှာ အရံ တစ်ယောက်ပါ....မမ နဲ့ အန်တီ လှပစွာ ပေါင်းဖက်စေဖို့...ခွန်း ခါးသက်စွာ...စတေးပေးရမှာပေါ့....

သုံးပွင့်ဆိုင်မှာ တစ်ပွင့်​ကြွေရတာ ဓမ္မတာ ဆိုရင် အဲ့ဒီကြွေခဲ့တဲ့ ပန်းလေးဟာ ခွန်း.. ဖြစ်ခွင့်ရလို့ ကျေနပ်ပါတယ်...

မမရေ....မေမေ့ကို ဆက်သွယ်ဖို့လဲ မမေ့ပါနဲ့နော်....09.....

ပြီးဆုံးသွားတဲ့ စာအုပ်လေးကို ဒေါ်နှောင်ကြိုးခင် ပိတ်လိုက်ကာ...

အန်တီ မင်းကို ဘယ်လိုပြန်ပေးဆပ်ရမှာလဲ....ခွန်းရယ်....

အန်တီ ယုံကြည်ရတဲ့သူတွေက အန်တီ့ကို သစ္စာဖောက်ပြီး....

အန်တီမယုံကြည်ရတဲ့..ခွန်းက အန်တီ့အတွက် စတေးပေးခဲ့တယ်...

အန်တီနောင်တရနေပြီဆိုရင်....ခွန်းယုံမလားကွယ်....

တကယ်တော့ ခွန်းက ဒီဇာတ်လမ်းမှာ အရံ မဟုတ်ပါဘူး.....

ခွန်းက မင်းသမီးပါ...အန်တီက ဗီလိန်ပေါ့...

🎶ဉီးနောက်ထဲကလား.. ခန္ဓာကိုယ်ကလား.. ရင်ဘက်ထဲကလား.. တင်းကျပ်ကျပ်နဲ့ပါ..

လူအများသိအောင် ပြောရခက်တဲ့ ဝေဒနာ သည်လေးပါ..🎶

🎶မျက်လုံးထဲကလား နှလုံးသားထဲကလား..

အတိုချုပ်ရရင် အချစ်ကြောင့်ဖြစ်တယ် ဖြေဆေးရှိရဲ့လား..

ဒီဝေဒနာတွေကို ကုသပေးဖို့ ဆေးက ရှိပါ့မလား🎶

ဒေါ်နှောင်ကြိုးခင် မျက်ဝန်းမှလည်း မျက်ရည်များ ကျဆင်းလာပြီး ခွန်းရဲ့စကားသံတွေကို ပြန်ကြားယောင်လာသည်။

"ခွန်း မသတ်ဘူးဆိုတဲ့ သက်သေ ပြနိုင်တဲ့တနေ့ အန်တီ ခွန်း ရှေ့မှာ ပြန်ပြီး ဒူးထောက်ရမယ်..."

"အန်တီ မမကို အရမ်းချစ်တာပဲလားဟင်..."

" တကယ်လို့ မမပြန်လာခဲ့ရင်...အန်တီ ပြန်လက်ခံမှာလား...."

လှပစွာ ခါးသက်သော🧡Unde poveștirile trăiesc. Descoperă acum