လှပစွာ ခါးသက်သော 🧡
Part-14" အရီရယ် ငါ့သမီးလေးတွေကို ငါလွမ်းလိုက်တာ....သူတို့လေးတွေ ငါ့ဆီလဲ ဖုန်းမဆက်ကြဘူး..."
" ဆက်မှာပေါ့ အမရယ်...သိပ်လဲ စိတ်ပူမနေပါနဲ့....သူတို့လဲ မအားလို့ နေမှာပေါ့...."
" အမေရေ..."
"ဟယ် သမီး ခွန်း အမေ့သမီးလေး..."
ခွန်း ဒေါ်နွေးဧကရီ ဆီပြေးလာပြီး ဖက်ထားလိုက်သည်။
" အမေ့သမီးလေးကို မေမေလွမ်းနေတာ..."
" သမီးအခု မေမေ့ဆီ ပြန်လာပြီလေ...."
" သမီးမမ ကော..."
ခွန်း ဒေါ်နွေးဧကရီကို ဖက်ထားရာမှ ခွာလိုက်ကာ....မျက်နှာလေးကိုကြည့်ပြီး...." မမလား...မမအဆင်ပြေနေပါတယ် မေမေရယ်...သူ့ဘဝလေး ပျော်ရွှင်နေမှာပါ မေမေ့ဆီလဲ သူမကြာခင် ဖုန်းဆက်လာမှာပါ....မေမေ သမီးဗိုက်ဆာတယ် သမီးကို ထမင်းကျွေးဦးလေ..."
" အမယ်လေး ကျွေးမှာပေါ့ မေမေကိုယ်တိုင် ခူးကျွေးမယ်..."
ခွန်း ဒေါ်နွေးဧကရီ ခူးကျွေးသော ထမင်းလေးကို အားရပါးရစားလိုက်သည်။သူမမျက်ဝန်းထဲက မျက်ရည်စလေးတွေကို ဘယ်သူမှ မြင်မည်မဟုတ်ပေ။
ခွန်း ထမင်းစားပြီးတော့...ဒေါ်နွေးဧကရီ ပေါင်ပေါ်တွင် အိပ်ကာ....
"ခွန်း မေမေ့ကို ဒီအတောအတွင်း ဖုန်းမဆက်ဖြစ်ခဲ့တာ...တောင်းပန်ပါတယ်နော်..... "
" မလိုပါဘူး သမီးရယ်...သမီးလေး မေမေ့ဆီ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာကတည်းက မေမေဝမ်းသာနေပြီ..."
ခွန်းရဲ့ မျက်ရည်လေးတကြောင်း ဒေါ်နွေးဧကရီ ပေါင်ပေါ်သို့ မသိမသာ ကျသွားသည်။
"တကယ်လို့ မမ ဖုန်းဆက်လာရင် မေမေ မငိုရဘူး နော်..."
" အဟင်း သမီးကြီးဖုန်းဆက်လာရင် မေမေက ပျော်မှာပေါ့ ဘာလို့ငိုရမှာလဲ...သမီးလေးရဲ့..."
"ခွန်းလေ မေမေ့ပေါင်ပေါ်မှာ...ဒီလိုလေး အမြဲအိပ်သွားရရင်ကောင်းမှာပဲ...."
" သြော်... သမီးလေး အိပ်ချင်ရင် အမြဲအိပ်လို့ရပါတယ်ကွယ်..."
"မေမေ သမီးပြောစရာရှိသေးတယ်"

STAI LEGGENDO
လှပစွာ ခါးသက်သော🧡
Storie d'amoreခါးသက်သော တွေ့ဆုံမှုအောက်မှာ လှပစွာ အဆုံးသတ်ပါရစေ။ ခွန်းချိုခ🧡 အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင် အန်တီ ခွန်းကို ချစ်တယ်လို့ပြောခဲ့မှာပါ။ နှောင်ကြိုးခင်🧡 ခါးသကျသော တှဆေုံ့မှုအောကျမှာ လှပစှာ အ...