Part-8(U+Z)

1K 130 22
                                    

လှပစွာ ခါးသက်သော🧡
Part-8

ခွန်းရဲ့ ပါးပြင်မှာ...ဒေါ်နှောင်ကြိုးခင်ရဲ့အသက်ရှူသံ နွေးနွေးလေး....

ခွန်းရဲ့ နှလုံးသားလေး တိတ်တဆိတ် ခုန်လာခဲ့သည်။

ခွန်းရဲ့ ပထမဦးဆုံး ရင်ခုန်သံနဲ့...ပထမဦးဆုံး အနမ်းက...အန်တီ့အတွက် ဖြစ်ခဲ့ပေမယ့်.....အန်တီကတော့ ခွန်းအပေါ်မှာ သံသယစိတ်နဲ့ အမုန်းများသာ...ရှိနေခဲ့သည်။

ဒီလိုလူမျိုး ခွန်းချစ်မိတယ်ဆိုရင်...ခွန်း မှားသလားပင်မသိ။

အခြားသူတွေရဲ့ပထမဆုံးအချစ်က ကြည်နူးစရာကောင်းကြတယ်ဆိုပေမယ့်.....ခွန်းအတွက် ပထမဆုံး သော အချစ်က အန်တီ့ရဲ့သံသယနဲ့ အမုန်းတွေအောက်မှာ...ခါးသက်လွန်းတယ်။

သေနတ်ကိုင်ထားသော ထိုသူက အခြားဘက်သို့ ထွက်သွားတော့မှ......

ဒေါ်နှောင်ကြိုးခင် ခေါင်းလေးမော့လာပြီး...လေသံတိုးတိုးနှင့်....

"အန်တီတို့ တနေရာရာမှာပုန်းနေမှဖြစ်မယ်....မဟုတ်ရင် သူတို့နဲ့တွေ့ပြီး...တို့နှစ်ယောက်လုံး...သေသွားလိမ့်မယ်.."

"ဟုတ်.."

" လာ နောက်ကနေ ခြေသံဖွဖွနဲ့ လိုက်ခဲ့...."

ဒေါ်နှောင်ကြိုးခင် ခွန်းလက်ကို...ဆွဲကာ...ခေါ်လာခဲ့သည်။

စမ်းရေစီးဆင်းနေသော...ကျောက်ဆောင် အကွယ်လေးက...သူမတို့နှစ်ယောက်အတွက်...လုံခြုံစေနိုင်သည်။

" အန်တီတို့အတွက် ဒီနားက လုံခြုံလောက်တယ်....."
ဒေါ်နှောင်ကြိုးခင် ပြောဆိုနေပုံမှာ ခွန်းပင် အားကိုးချင်စရာကောင်းလောက်သည်။

ခွန်းတို့...ထိုကျောက်ဆောင်အကွယ်လေးတွင်ဝင်ထိုင်လိုက်ကြပြီး.....

ဒေါ်နှောင်ကြိုးခင်က...သူမကိုယ်ပေါ်က အနွေးထည်အင်္ကျီလေးကို ချွတ်ကာ...ခွန်းဆီသို့ ပေးပြီး....

" ရော့..ခွန်း...ဒါခြုံထားလိုက်..စေတနာရှိလို့တော့ မဟုတ်ဘူး....ဒီခရီးက အန်တီမင်းကို ခေါ်လာတာမို့...ခွန်းတခုခုဖြစ်ရင် အန်တီ့ကို အမှုပတ်နေမှာဆိုးလို့..."

ခွန်း..သူမပေးတဲ့ အနွေးထည်လေးကို ယူလိုက်ပေမယ့်..သူမစကားကြောင့်...အနွေးထည်ကိုပြန်ပေးကာ..

လှပစွာ ခါးသက်သော🧡Where stories live. Discover now