Chapter 5

962 117 57
                                    

ရှောင်းကျန့်နဲ့သွားတွေ့ပြီး ပြန်လာထဲက အခန်းထဲမှာပဲနေသော ရိပေါ်က ညစာတောင်ဆင်းမစားတာမို့ စစ်ကျွေးက မေးမြန်နေသလို သူမကိုယ်တိုင်လဲ စိတ်ပူနေမိသည်။ဟိုကဘာတွေပြောလိုက်လို့များ ဒီကလေးစိတ်ထိခိုက်နေရှာပါလိမ့်။

"ရိပေါ်...မောင်လေး အစ်မဝင်လာခဲ့မယ်နော်...."

ပြောပြောဆိူဆို ဝမ်ချင်ဝင်သွားလိုက်တော့ ခေါင်းအုံးနှစ်ခုဆင့်ကာ ခုတင်ခေါင်းရင်းကို ကျောမှီပြီးထိုင်နေသည့် ရိပေါ်က သူမကိုတချက်ဝေ့ကြည့်လိုက်ရင်း

"သားငယ်ရော....ထမင်းစားပြီးပြီလား...."

"အင်း....သားငယ်က နင့်ကိုမေးနေတာ....အဆင်မပြေခဲ့ဘူးလား....ဟိုလူက ဘာပြောလိုက်လို့လဲ....နင်ကဘာမှအကျိုးကြောင်းမပြောဘဲ အိမ်ပေါ်တန်းတက်သွားတော့ ငါ့မှာရင်တပူပူနဲ့...."

ဝမ်ချင်ရဲ့ပူပန်မှုအတိုင်းသားပေါ်လွင်နေသော မျက်နှာကြောင့် ရိပေါ်သက်ပြင်းဖွဖွရှိုက်မိသည်။ကိုယ့်ကြောင့်နဲ့မဆိုင်တဲ့လူတွေပါ စိတ်ဒုက္ခရောက်ကြရသည်။

"ပြေပါတယ်....နောက်မှ ငါအေးဆေးပြောပြမယ်....သားဝင်လာလို့ ကြားသွားရင်မကောင်းဘူး အစ်မ...."

အဆင်ပြေတယ်နဲ့ အဆင်ပြေအောင်နေတယ်...ဒီစကားနှစ်ခုရဲ့အဓိပ္ပါယ်မတူညီမှန်း နားလည်သွားတဲ့အခါ မျက်နှာဖူံးတွေ အမျိုးမျိုးလဲတပ်‌တက်ခဲ့ပြီ ကိုကိုရယ်။

ရိပေါ်ဘက်က တခါထဲဟန့်တားချည်တုပ်ပြီးပြောလိုက်သဖြင့် ဝမ်ချင်ဘာကနေအစပြန်ဆွဲထုတ်ရမှန်းမသိဖြစ်သွားရသည်။ဖြေပုံကိုက ပြေပါတယ်ဆိုတော့ ဘာတွေပြောဖြစ်ခဲ့ကြသနည်း။တွေးလေ ပိုပူပန်ရလေဖြစ်ရသည်။

မောင်နှမနှစ်ယောက်လုံး ဘာစကားမှမဖြစ်ကြတော့ဘဲ အတွေးကိုယ်စီနဲ့ငိုင်နေမိကြသည်။မိန်းကလေးဗီဇအရ စပ်စုချင်သေးပေမဲ့လဲ ရိပေါ်ရဲ့မျက်နှာလေးက သူမမေးခွန်းတွေကို မဖြေချင်တဲ့ပုံစံမျိုးမဟုတ်ဘဲ မမေးဖို့ တောင်းဆိုနေဟန်မို့ ဝမ်ချင်စကားလုံးတွေကို မျိုချလိုက်ပြီး

"ဘာတွေပဲဖြစ်လာလာ နင့်နားမှာ နင့်အစ််မတယောက်လုံးရှိပါသေးတယ် မောင်လေးရယ်...."ဟု ရိပေါ်လက်လေးတဖက်ကိုဆုပ်ထွေးကာ ဝမ်ချင်အားပေးလိုက်မိတော့သည်။

အချစ်သည်Where stories live. Discover now