ရက်မှလသို့ကူးပြောင်းခဲ့ပေမဲ့ ရှောင်းကျန့်မျှော်လင့်ထားသလို မေမေနဲ့ရိပေါ်တို့ရဲ့ဆက်ဆံရေးက တ်ူးတက်မလာခဲ့ပါ။အားယွမ်နဲ့ရိပေါ်တို့ကသာ ရင်းနှီးခင်တွယ်လာကြပေမဲ့ မေမေကတော့ နည်းနည်းလေးမှ အထိမခံတဲ့အပြင် ရိပေါ် ကလေးကို ကြည့်ရင်ကိုပဲ ဆွေ့ဆွေ့ခုန်နေသည်။
"ဟဲ့ နင်ငါ့သားကို ဘာလုပ်တာလဲ....ဖယ်စမ်း...."
"အား....."
"မေ မေ့...အီး ဟီး ဟီး...."
နိုင်ငံခြားမှာ ကျောင်းဆက်ဖို့ကိစ္စသွားလုပ်ပြီး ပြန်လာသည့်ရှောင်းကျန့်မှာ ပေါ်တီကိုအောက် ကားရပ်လိုက်တာနဲ့တပြိုင်နက် အိမ်ထဲမှာ ဆူညံနေသံတွေက အတ်ူင်းသားကြားနေရသည်။ကားေပါ်မှ ကဗျာကယာဆင်းလို့ အိမ်ထဲဝင်လိုက်လျှင်ပဲ ရိပေါ်က ဆိုဖာခုံတွေကြားထဲမှာ ခွေခွေလေးလှဲကျနေပြီး မေမေကို မော့ကြည့်ကာ
"ကျနော်က ဘာလုပ်လို့လဲ မေမေကြီး...."
"အောင်မာ နင်ကများ....ငါ့ကိုခံပြောနေတယ်ပေါ့...."
"မေမေကြီး အထင်လွဲနေတာကို ကျနော်က ရှင်းပြတာပါ...."
"မပြောနဲ့....နင် ငါ့သားလေးကို ဓားနဲ့လိုက်ထိုးနေတာ ငါမျက်လူံးနဲ့ ကိုယ်တ်ုင်မြင်တာတောင် နင်ကငြင်းချင်သေးတာလား....."
"ကိုယ်တိုင်မြင်ပေမဲ့ ဟုတ်တာကျ မေမေကြီးက မြင်မှမမြင်တာ...."
ရိပေါ်နဲ့ရှောင်းသခင်မကြီးတို့က အချေအတင်ပြောနေကြသည်က ကျယ်လောင်စွာမို့ လေးလေးရှောင်ချင်းပါ ရောက်လာခဲ့သည်။ဘာတွေဘယ်လိုဖြစ်ကုန်ကြလဲတော့မသိပေမဲ့ ဒီလောက်ထိရုန်းရင်းဆန်ခတ်ဖြစ်ကြတာကိုတော့ ရှောင်းကျန့် အံ့ဩစွာဖြင့် ကြည့်နေရင်း ခြေလှမ်းတို့က ယောင်နန။
"ဘာလဲ မင်းက အရိပ်နေနေ အခက်ချိုးချိုးလုပ်လိုက်တာလား ကောင်လေး...ငါတို့အိမ်လဲနေသေးတယ် ငါတို့တူလေးကိုလဲ သတ်ဖို့လုပ်သေးတယ်ပေါ့လေ ဟုတ်လား..."
"လေးလေး မမြင်ဘဲ အဲ့လိုမပြောပါနဲ့...."
ဘာကိုမှမကြောက်တက်သော ရိပေါ်က ခပ်စွာစွာပြန်အော်တော့ လေးလေးမျက်နှာကြီးက ဒေါသများနဲ့ပြည့်လျံလာရကာ