"တွေ့လား အန်ကယ်လ်....အကိုကြီးရှောင်းနဲ့ သိပ်အဆက်သွယ်မလုပ်တော့ပေမဲ့ ဒီတယောက်နဲ့ ခနခနအပြင်သွားနေတာ....."
ပန်းခြံထဲက ခုံတန်းရှည်မှာ ပူးကပ်ထိုင်နေကြတဲ့ သားငယ်နဲ့တခြားလူတယောက်....။ထိုမြင်ကွင်းကြောင့်ရိပေါ်ရင်ထဲ ဗလောင်ဆူနေရသည်။
"အဲ့အကိုကြီးနဲ့ ကြိုက်နေတာလားလို့ ကျနော်တို့မေးတော့ ဟုတ်တယ်တဲ့....အတန်းလဲဟုတ်အောင်မတက်ဘူး သိလား အန်ကယ်လ်....."
တယောက်တလှည့်သူ့ကိုတိုင်တောနေကြတဲ့ ဟိုက်ဆန်းနဲ့ကျင်းရိတို့ရဲ့စကားကြောင့် ရိပေါ်စိတ်ထဲကနေဘုရားတမိသွားသည်။သူ့သားလေးက အဲ့လိုရည်းစားသနာထားတက်တဲ့အရွယ်ရောက်နေပြီတဲ့လား။
Clubမတက် အရက်မသောက်မို့လို့ လိမ္မာသွားပြီဟု ထင်ထားမိတဲ့ ရိပေါ်ကို အခုတော့ စစ်ကျွေးက ကောင်းကောင်းကြီး လှည့်စားလို့နေသည်။
"ကျေးဇူးပဲ သားတို့ရယ်.....မင်းတို့က သားငယ်အတွက် တကယ့်သူငယ်ချင်းကောင်းလေးတွေပဲကွာ.....အန်ကယ်လ်သားငယ်ကို သွားခေါ်လိုက်ဦးမယ်....."
"ဦးလေးမင် ကလေးတွေကို အရင်ပြန်လိုက်ပို့ပေးလိုက်ပါ....ပြီးမှ ကျနော့်ကိုတခေါက်ပြန်လာခေါ်...."
ကလေးတွေကို ကျေးဇူးတင်စကားဆိုရင်း ဦးလေးမင်ကိုပါ တခါထဲပြောလိုက်သည့် ရိပေါ်ကို ကျင်းရိက
"ရတယ် အန်ကယ်လ် သားတို့ဘာသာပဲ ပြန်လိုက်ပါ့မယ်....ဝယ်စရာလေးရှိလို့ mallလဲခနဝင်ဦးမှာဆိုတော့ လိုက်မပို့နဲ့တော့အန်ကယ်လ်....ဟို စစ်ကြွေးကို အရမ်းလဲမဆူပါနဲ့နော်...."
"အေးပါ သားတို့ရဲ့...."
ရိပေါ်အပြုံးလေးနဲ့သာ ပြန်ဖြေလိုက်ရပေမဲ့ စိတ်ထဲမှာတော့ ယူကျုံးမရခြင်းတွေသာ နေရာယူထားသည်။သူများသားသမီးလေးတွေလို ပျော်ရွှင်တက်ကြွစွာနဲ့ဘဝကို အေး အေးဆေးဆေးဖြတ်သန်းရမဲ့အစား ဒီအရေးမပါတဲ့ဟာတွေပဲဆက်တိုက်လုပ်ကာ သိပ်လူကြီးဖြစ်ချင်နေသော သားကြောင့် စိတ်လဲတိုမိသည်။
"သားငယ်....."
အဖေတယောက်လုံး သူ့အနောက်ရောက်နေတာတောင်မသိနိုင်ဘဲ ရည်းစားနဲ့လေမမြင်မိုးမမြင် ပျော်ပါးနေသော စစ်ကျွေးကို ရိပေါ်ေဒါသတကြီးခေါ်လိုက်မှ