ရှောင်းစံအိမ်တော်သို့ ရိပေါ်တယောက်ထဲ အသွားအလာလုပ်ရသဖြင့် စိတ်မချဘူးဆိုကာ ရိပေါ်တို့အိမ်နဲ့နီးသော ကွန်ဒိုတခုကိုဝယ်ထားသည့် ရှောင်းသခင်ကြီး။အခုလဲ ခရီးက ပြန်ရောက်ရောက်ချင်း သိပ်မုန်း၍လက်စားမဲ့သူကို သွားရောက်အခစားဝင်လို့နေသည်။
"ဟန်နီ....ကိူယ် ဟန်နီကိုပေးစရာရှိတယ်....အဲ့ဒါတွေ ခနထားကွာ....."
သာမန်လူနေအိမ်တခုလိုပဲ အိမ်သုံးပစ္စည်းအစုံလင်ထားရှိသည်မို့ ရှောင်းကျန့်အတွက် ကော်ဖီနှပ်ပေးနေသော ရိပေါ်ကို မီးဖိုခန်းကနေ လက်ကဆွဲခေါ်လာခဲ့သည်။
"ဘာလဲကိုကိုရာ...."
ဧည့်ခန်းထဲမှာ ထိုင်ခိုင်းထားပြီး ဘောင်းဘီအိတ်ထဲက ကတ္တီပါဗူးအနက်လေးကို ထုတ်ယူလိုက်သည်။တကွင်းလုံးကို ကိုလမ်ဘီယာမြနဲ့စိန်ရောထားသည့် လက်စွပ်လေးကမီးရောင်အောက်မှာ တဖျက်ဖျက်လက်နေသည်။
"ထင်တဲ့အတိုင်းပဲ....ဒါလေးကိုစမြင်လိုက်ထဲက ဟန်နီလက်လေးနဲ့ဆို အရမ်းလိုက်မှာသိလို့ ဝယ်လာခဲ့တာ....လှတယ်မလား...."
တကယ်လဲ ကျောက်မျက်ပြပွဲသွားရင်း ထိုလက်စွပ်လေးကိုမြင်မြင်ချင်း ဟန်နီနဲ့ဆိုသိပ်လိုက်မည်ဟု စိတ်ကူးမိသဖြင့် လက်ဆောင်ဝယ်လာခဲ့ခြင်းဖြစ်သည်။couple ringsဖြစ်လို့ ပိုသဘောကျပြီးဝယ်ခဲ့တယ်ဆိုတာတော့ ရှောင်းကျန့်မပြောပြဖြစ်ပါ။
"အင်း လှပါတယ်....ဒါပေမဲ့ ဒီလိုတန်ဖိုးကြီးတာမျိုးတွေ မယူချင်ဘူး....ရိပေါ်အတွက်ဆိုပြီး ပီကေတတောင့်ဖြစ်ဖြစ် သတိတရနဲ့ဝယ်ခဲ့ရင်ကို ရိပေါ်ကြေနပ်ပြီ.....တန်ဖိုးကြီးပစ္စည်းမှမဟုတ်ပါဘူး...ကိုကိုပေးတဲ့ဘယ်အရာမဆို ရိပေါ်သဘောကျပြီးသားပါ...."
သူ့လက်သန်းကြွယ်မှာ ရှောင်းကျန့်ကိုယ်တိုင်ဝတ်ပေးထားသည့် လက်စွပ်လေးကို ခပ်ဖွဖွထိတွေ့ကာ မယူချင်ကြောင်းပြောနေသောရိပေါ်ကြောင့် ရှောင်းသခင်ကြီးမှာ စိတ်အလိုမကျဖြစ်သွားရသည်။
"ကိုယ်ကပေးရင် ယူ...အဲ့လိုပဲ ကိုယ်မပေးတဲ့ဘယ်အရာကိုမှ မတောင့်တနဲ့ ဟန်နီ...."
ထိုစကားကြား၍ မျက်နှာပျက်သွားသူကရိပေါ်ပင်။ရိပေါ်လိုချင်မက်မောတာက ကိုကို့ရင်ထဲက စစ်မှန်တဲ့ချစ်ခြင်းပါကိုကိုရယ်....။ကိုကိုမပေးချင်တဲ့အရာကလဲ ကိုကိုအချစ်ပဲဆိုတာ ရိပေါ်သိပါတယ်...ရိပေါ်ကိုအနားမှာခေါ်ထားပြီး အခုလိုတွေဂရုစိုက်ပေးနေတာ ဘာလို့များလဲ.....ရိပေါ်ကိုဘယ်လောက်ထိမျှော်လင့်ချက်တွေပေးပြီးမှ ရိုက်ချိုးချင်တာလဲ ကိုကို။