"ဟော သားငယ်လေး နိုးလာပြီ....အိပ်ရေးရောဝရဲ့လား သားငယ်....."
မနက် Breakfastဝိုင်းမှာ မုန့်စား၊ကော်ဖီသောက်နေကြရင်းမှ ထမင်းစားခန်းထဲသို့ စစ်ကျွေးဝင်လာမြင်၍ ရိပေါ်ကသားကိုပြာပြာသလဲ မေးမြန်းနေသည်။
"ဟုတ် ပါပါး...."
"လာ သားငယ်လေး....ဒီမှာ သားငယ်အကြိုက် ပေါင်မုန့်မီးကင်လေးကို ထောပတ်ပါးပါးလေးနဲ့ သကြားဖြူးပေးထားတာ....နွားနို့သောက်မယ်မလား ပါးပါးထည့်လိုက်မယ်နော် သားငယ်လေး...."
ကိုယ့်ကိုတော့ကိုကိုဘာကြိုက်လဲ ဘာစားချင်လဲ တခွန်းမမေးခဲ့သည့် ရိပေါ်က စစ်ကျွေးကို ဝါးမခွံ့ရုံတမယ် သဲသဲလှုပ်ပြနေသောကြောင့် ရှောင်းကျန့်သိပ်မကြည်ချင်တော့ပါ။သူ့အဖေနဲ့သူ့သားဆိုတော့လဲ ဘာမှဝင်ပြောစရာအကြောင်းမရှိ။
နွားနို့ယူဖို့ ရိပေါ်မီးဖိုခန်းထဲဝင်သွားမှ ဝင်ထိုင်သည့် စစ်ကျွေးက စားပွဲထိပ်မှာနေရာယူထား သောရှောင်းကျန့်ကို ဘုကြည့်ကြည့်လာသဖြင့် ရှောင်းကျန့်ကလဲ အံကျိတ်လို့ မျက်လုံးပြူးပြလိုက်သည်။ကလေးနဲ့ပြိုင်ရန်စောင်တယ်ပြောပြော မကြေနပ်တာတော့ မကြေနပ်တာဘဲဖြစ်သည်။
ဝမ်ချင်ကတော့ သူတို့နှစ်ယောက် အသံတိတ်ရန်ဆောင်နေခြင်းကို တအံ့တဩကြည့်ရင်း မျက်နှာကပြုံးစိစိဖြစ်နေရ၏။
"ရပြီ သားငယ်လေး....ပါးပါးက နွေးနွေးလေးလုပ်ခဲ့တယ်...."
"ကျေးဇူးပါ ပါပါး....အဲ့ဒါကြောင့် ပါပါးကို ချစ်ရတာ...."
ဟိူလူကြီးရှိနေတာမို့လို့ ပါပါးပုခူံးပေါ်ခေါင်းလေးတင်လို့ စစ်ကျွေးသေချာချွဲပြလိုက်တော့
"ဟုတ်ပါပြီ....ပါပါးကလဲ သားငယ်လေးကို အရမ်းချစ်တာပါဗျာ...."ဟု ရိပေါ်က စစ်ကျွေးပါးလေးကို ခပ်ဖွဖွဖျစ်လို့ ကြေနပ်စွာပြန်ဖြေသည်။သားနဲ့အခုလို ပြန်အဆင်ပြေသွားတာကိုပဲ ရိပေါ်ပျော်မဆုံးဖြစ်ရသည်။
"ဟန်နီ....ကိုယ်compnayမသွားလို့ အင်္ကျီလိုက်ထူတ်ပေး...."
မနာလိုနေသောရှောင်းကျန့်ကြည့် ထိုသားအဖရဲ့မေတ္တာဇာတ်ဝင်ခန်းကို ဆက်မကြည့်နိုင်တော့သည်မို့ ပြောလိုက်မိသည်။