"ဟင် မမ....အဲ့ဒါ မမယန်လီမလား....."
"sry ကိုယ်ခေါ်ထားတာ....မင်းကို ကိုယ်တမင်အသိမပေးထားမဟုတ်ဘူးနော် ဟန်နီ...."
တအံ့တဩရေရွတ်ရင်းမော့ကြည့်လာသည့် ရိပေါ်ကြောင့် ရှောင်းကျန့်ခေါင်းအသာငြိမ့်ပြလိုက်မိသည်။သူမကဘယ်လိူလုပ် ဒီအိမ်ကိုရောက်နေတာလဲဟုသော မေးခွန်းတွေက ရိပေါ်မျက်ဝန်းတွေမှာထင်ဟပ်နေသည်မို့ တခါထဲဖြေလိုက်သည်။
"ရိပေါ်လေး....မတွေ့ရတာ အရမ်းကိုကြာနေပြီ....ငါ့မောင်လေးက ပိုခန့်ညားလာလိုက်တာ....."
ယန်လီထိုင်နေသည့် ဧည့်ခန်းရောက်တော့ သူတို့နှစ်ယောက်က နှစ်တွဲခုံရှည်မှာဝင်ထိုင်သည်အထိ ရှောင်းကျန့်က ရိပေါ်လက်ကလေးကို ဆုပ်ကိုင်ထားဆဲ။ဝမ်းသာအားရနဲ့နှုတ်ဆက်နေသော ယန်လီကို ရိပေါ်ပြုံးပြလိုက်ရင်း
"ဟုတ်ပါ့ ကျနော်တို့တွေမတွေ့ရတာ တကယ်ကြာနေပြီ....နေကောင်းတယ်နော် မမ...."
နှစ်တွေကြာမှ အခုလို မမယန်လီကို ပြန်တွေ့ရတော့ ရိပေါ် မှာအတိတ်ကို ပြန်သတိရမိသည်။ကိုကိုပြောဖူးသည့် ငါတို့ဘယ်လောက်ထိ ရေစက်ဆုံမလဲ ကံစမ်းကြည့်ကြတာပေါ့ဆိုသည့်အတိုင်း တွေ့ဆုံပြီးမှ ကွဲကွာခဲ့ကြကာ အခုတဖန်ပြန်လည်ဆုံဆည်းရပြန်သည်။ဪ တွေ့ဆုံကြုံကွဲခြင်း လောကဓမ္မတာတွေပါပဲလား။
"ကောင်းပါ့ရှင်....ငါ့မောင်နှစ်ယောက်ကို အခုလိုအတူတွဲပြီး ပြန်မြင်ရတာ ဝမ်းသာတယ်ကွယ်....အရင်အချိန်တွေတောင် ပြန်အောက်မေ့မိတယ်.....မင်းတို့ကလေးတောင် ဒီအရွယ်ရှိနေပြီပဲ....အချိန်ကုန်တာ မြန်လိုက်တာ.....မနေ့တနေ့ကလိုပါပဲလားနော်...."
ဝမ်ချင်ဘေးမှာ ထိုင်နေသည့် စစ်ကျွေးကိုလှမ်းကြည့်ကာ သူမရဲ့မူပိုင်အေးချမ်းသည့်အပြုံးလေးဖြင့် ပြောနေသော ယန်လီကြောင့် စစ်ကျွေးက ပြုံးပြလိုက်ပေမဲ့ အတိတ်လို့ပြောတ်ူင်း မျက်နှာပျက်ပျက်သွားသည်က ရိပေါ်သာ။
"မမကို ကျနော်ဘာလို့ခေါ်ခိုင်းလိုက်လဲ ယီွပင်းပြောပြထားလို့သိပြီးရောပေါ့....အဲ့အကြောင်းလေးပြောကြရအောင်...."