"နေဦး ရိပေါ်...."
ရှောင်းကျန့် အနောက်ကနေအပြေးလိုက်သွားတော့ ရိပေါ်ကခြံဝန်းထဲသို့ရောက်ပြီဖြစ်သည်။သူ့ခေါ်သံကြား၍ လှည့်ကြည့်လာသည့် မျက်ဝန်းလေးတွေက မျှော်လင့်ချက်နဲ့တလက်လက်တောက်ပလို့....သူဘယ်လိုလုပ် ဥပေက္ခာပြုရက်နိုင်မည်နည်း။
"မင်းဒီမှာနေလို့ရတယ်....ဘယ်မှထွက်သွားဖို့မလိုဘူး....မင်းနဲ့ငါတို့နဲ့ ဘယ်လောက်ထိရေစက်ဆုံနိုင်မလဲ ကံစမ်းမဲနှိုက်ကြည့်ကြတာပေါ့ကွာ...."
"တ..တကယ်လား....တကယ်ပြောတာလား....ငါ့ကိုဒီမှာ တကယ်ခေါ်ထားမှာလား...."
ခုနတုန်းကအထိ ခံစားချက်ကင်းမဲ့နေသော မျက်နှာလေးနဲ့ရိပေါ်က အခုတော့ အပျော်လွန်သွားဟန် မြူးတူးလျက်ရှိနေလိမ့်မည်ဟု ထင်ရက်စရာတောင်မရှိ။အရာရာဟာပြောင်းလဲတက်သည်။သူကိုယ်တိုင်တောင် လေးလေးတို့နဲ့အချေတင်ဖြစ်ပြီး မွေးစားဖို့ဆုံးဖြတ်ခဲ့ပြီးမှ ရိပေါ်ရဲ့အပြောတွေကြောင့် စိတ်ထဲတမျိုးဖြစ်သွားခဲ့ရသည်။ပြောင်းလဲခြင်းတွေထဲမှာ မကောင်းတဲ့အရာတွေလဲ မပါဘူးဟု မည်သူပြောနိုင်မည်နည်း။
💐💐💐💐💐💐
ရှောင်းကျန့်မှာ စကားပြောဒေါင့်မကျိုးသော ပေကပ်ကပ်လုပ်တက်သောရိပေါ်ကို မနည်းဖျောင်းဖျသင်ပြနေရသည်။
"စကားပြောရင် ငါလို့မသုံးရဘူး....မင်းမှာနာမည်ရှိသားပဲ....ရိပေါ်ကလို့ပြောရင်ပြော မပြောချင်ရင်လဲ ကျနော်ကလို့သုံး....တယောက်ယောက်ကခေါ်ရင် ဗျာလို့ထူးရမယ်....ဒီအိမ်မှာ မင်းထပ်အသက်ကြီးတဲ့လူတွေချည်းပဲ....စကားပြောရင် ယဉ်ယဉ်ကျေးကျေးပြောရမယ်နော်...."
"ရှောင်းကျန့်ရဲ့ညီ ဟိုကလေးလေးက င့ါထပ်ငယ်သားပဲဟာကို...."
ကိုယ်ကဒါဆိုရင် သူကဟိုဟာလေး အတွန့်တပ်လိုက်ရမှ စိတ်ချမ်းသာသည်လားမပြောတက်ပါ။ကြားရသမျှက နားထဲထော်လော်ကန့်လန့်။
"လျှာမရှည်နဲ့ ပြောတာနားထောင်....ပြီးတော့ ကိုယ့်ကို နာမည်တပ်မခေါ်နဲ့....မင်းထပ်အသက်အများကြီး,ကြီးတယ်....တခြားနာမ်စားတမျိုးမျိုးနဲ့သုံးပြီး ခေါ်ကြည့်ပါလား...."