"ပါပါး....ပါပါးရေ....တီတီ....သားတို့ကို တံခါးဖွင့်ပေးပါဦး.....ပါပါး...."
အပြင်သံတံခါးကို တခြိမ်းခြိမ်းလှုပ်ရမ်းရင်း အော်နေသောစစ်ကျွေးရဲ့အသံကြောင့် ဝမ်ချင်မှာ အခန်းထဲက အမြန်ထွက်လာရပြီး ဧည့်ခန်းမီးကိုဖွင့်လိုက်တော့
"ဟင်....မောင်လေး...."
မီးအမှောင်ချကာ ဧည့်ခန်းမှာထိုင်နေသော ရိပေါ်ကို တွေ့လိုက်ရသည်။အတွင်းတံခါးကိုပဲဖွင့်ထားပြီး အပြင်ကသံတံခါးကို သော့ခတ်ထားသဖြင့် ကလေးတွေက်ိုရိပေါ်သေချာဖွင့်မပေးမှန်း ဝမ်ချင်သိသည်။
"ပါပါး တံခါးဖွင့်ပေးဦးလေ....သားတို့ချမ်းနေပြီ...."
မျက်နှာထားခပ်တင်းတင်းနဲ့ ထိုင်ရာမှထလာသော ရိပေါ်က တံခါးနားထိရောက်သွားကာ စစ်ကျွေးကို သေချာကြည့်ရင်း
"ဘယ်အချိန်ရှိပြီလဲ....ဒါအိမ်ပြန်ရမဲ့အချိန်လား.....မင်းကို ငါဘာမှာထားလဲ.....၉နာရီမထိုးခင်အရောက်ပြန်ခဲ့ဖို့ မပြောထားဘူးလား.....အပြင်မှာပဲနေ အိမ်ထဲဝင်ဖို့လုံးဝစိတ်မကူးနဲ့....."
"မဟုတ်ပါဘူး.....သားက ကိူယ်ခေါ်လို့ ပါတီတခုကို လိုက်လာတာပါ.....ဟိုမှာစကားပြောရင်းဆ်ုရင်းမို့ နဲနဲနောက်ကျသွားတာပါကွာ.....ကိုယ်တို့ အပြင်မှာအေးနေပြီ တံခါးဖွင့်ပေးပါကွာ နော်...."
"ဟုတ်သားပဲ မောင်လေးရယ်....အပြင်မှာမိူးရွာနေတော့ ကလေးတွေ အေးနေရောပေါ့ဟယ်....သော့ပေး ငါ့ဖွင့်ပေးလိုက်မယ်...."
ရှောင်းကျန့်က အကျိုးအကြောင်းဝင်ရှင်းပြသလို ဝမ်ချင်ကပါ ဖေးဖေးမမနဲ့ပြောပေမဲ့ရိပေါ်ကတော့ ဘယ်သူ့စကားကိုမှ ဂရုမစိုက်စွာနဲ့
"အမ နင်အသာနေ....မင်းကဘယ်အရွယ်မို့ ပါတီတက်ရ ကလပ်တက်ရ လုပ်နေရတာလဲ.....အရက်မှသောက်ခဲ့ရဲ့လား ဝမ်စစ်ကျွေး.....လူကဖြင့် နို့နံ့မစင်သေးဘူး အတက်ကောင်းတွေအတော်တက်နေပါလား.....ငါမင်းကိူ အဲ့လိုစည်းကမ်းမရှိနေဖို့ သင်ထားသလား....."
"ဟန်နီရာ....မဟုတ်ပါဘူးဆိုကွာ....သားက ကိုယ်ခေါ်လို့လိုက်လာတာပါ....ဘယ်အရက်မှ မသောက်ခိူင်းခဲ့ဘူး....သူ့အကိုအရင်းတယောက်လူံးပါနေတာကို ဘာတွေစိတ်ပူနေတာလဲ...."