"ရိပေါ်....နင်အခုတလော အပြင်ထွက်တာ သိပ်များနေသလိုပဲနော်....မနေ့က ဘိုးဘိုးလာသွားတယ်....နင့်ကိုမေးနေတာ...အခုရော ဘယ်သွားဦးမလို့လဲ...ကြာရင်သားငယ်ရိပ်မိတော့မယ်...."
အပြင်သွားဖို့ အဝတ်စားလဲပြီးသော ရိပေါ်မှာ သူ့အခန်းထဲထိဝင်လာပြီး ပြောနေသောဝမ်ချင်ကြောင့် နောက်ကိုငဲ့ကြည့်ရင်း
"ဘိုးဘိုးကို နင်ဘာပြောလိုက်သေးလဲ....ဘိုးဘိုးက ဘာတွေပြောသွားလို့လဲ....သားရှေ့မှာ နင်စကားမှားသွားလို့လား...."
မေးခွန်းပေါင်းများစွာနဲ့ ရိပေါ်ကို ဝမ်ချင်ခပ်စောင်းစောင်းကြည့်လိုက်မိသည်။နံသာရောင်ရှပ်လက်ရှညိလေးနဲ့ ရှားရင့်ရောင်စတိုင်ပန်လေးသာ ရိုးရိုးရှင်းရှင်းဝတ်ထားသည့် ရိပေါ်ပုံစံလေးက ကိုယ့်မောင်မို့ကိုယ်ပြောတာမဟုတ် ကြည့်လိုက်ရုံနဲ့ကို တည်ငြိမ်အေးဆေးကာ ခန့်ညားလို့နေပေသည်။
"မှားစရာလားဟယ်....သားငယ်က သူ့အဖေကိုဒီလောက်တုန်နေတာ ငါအဲ့လောက်တော့ နားလည်ပါတယ် မောင်လေးရယ်....ဘိုးဘိုးလာတာကလဲ ဒီအတိုင်းငါတို့နဲ့မတွေ့ရတာကြာလို့ လာသွားတာ အထွေးထူးမဟုတ်ပါဘူး....အခုရော ရှောင်းကျန့်နဲ့သွားတွေ့မလို့ပဲမလား..."
ရိပေါ်ခေါင်းငြိမ့်ပြလိုက်သည်။ဝမ်ချင်ကို ရှောင်းကျန့်နဲ့သူအပေးအယူတခုလုပ်ထားတယ်ဆိုတာပဲပြောပြထားပြီး ကျန်တာဘာမှထဲထဲဝင်ဝင်မပြောပြဖြစ်တာက ပြောဖို့ရာမဝင့်ရဲလို့ပါ။
ယခင်ရှောင်းမျိုးရိုးခံယူထားရာမှ ယခုဝမ်မျိုးရိုးဖြစ်စေခဲ့သူမှာ ရိပေါ်ရဲ့ကျေးဇူးရှင် ဘိုးဘိုးဝမ်ချီရန်....။ရှောင်းစံအိမ်တော်ကထွက်လာပြီးနောက်ပိုင်း ရိပေါ်မှာ ကလေးတယောက်နဲ့ အပြင်မှာပဲ ကြုံရာလုပ်စားခဲ့ရပြီး ဘဝကိုခက်ခဲစွာဖြတ်သန်းခဲ့ရသည်။တရက်မှာတော့ ဘိုးဘိုးကားနဲ့တိုက်မိမလိုဖြစ်ကာ လန့်ပြီးလဲကျသွားတဲ့ ရိပေါ်မှာ ခြေချင်းဝတ်လည်သွားတာမို့ ဆေးခန်းလိုက်ပြပေးရာကနေ ဘိုးဘိုးက ရိပေါ်ဘဝကို မေးမြန်းရင်း ဂရုဏာသက်ခဲ့သည်။အဲ့နောက် ရိပေါ်ကိုမြေးအဖြစ်မွေးစားခဲ့သည်။