သူ့ရိုက်ချက်ကြောင့် နီညို့ယောင်ယမ်းနေသော စစ်ကျွေးပါးပြင်လေးကို ကျပ်ထုတ်ထိုးပေးရင်း တောင်းပန်စကားကိုသာ ရှောင်းကျန့်တတွတ်တွတ်ပြောနေမိသည်။
"ချာတိတ်ငယ်ငယ်ကလေ ကိုယ့်ကို ကိုကြီးလို့ မပီတပီလေးခေါ်တဲ့အသံလေးက အရမ်းချစ်စရာကောင်းတာပဲ....ကိုယ့်ကို အဲ့လိုတခါလောက်လေးဖြစ်ဖြစ်ခေါ်ပေးပါလား....."
စစ်ကျွေးလက်လေးတွေကို ဆုပ်ထွေးထားရင်း ရှောင်းကျန့်တောင်းပန်ခယစွာ ပြောမိပေမဲ့ စစ်ကျွေးက သူ့ကိုသာမမှိတ်မသုန်စိုက်နေသဖြင့်
"အခု ချာတိတ်အဆင်မပြေရင်လဲ ရပါတယ်....နောက်မှပေါ့ကွာ.....ကိုယ်တခါလောက်လေးထပ်ကြားဖူးချင်ရုံပါ....တကယ်တခါထဲပါ....."
စတွေ့ဖူးတုန်းကလိုပဲ သွေးအေးတည်ငြိမ်သော၊မာနကြီးသောမတည်မပြုံးမျက်နှာနဲ့ အကိုရှောင်းက အခုတော့ ထိုသို့မဟုတ်။အမြဲတမ်းလိုလိုစူးရဲနေတက်သည့်မျက်ဝန်းနက်နက်တွေက ရီဝေဖျော့တော့စွာ။
"ကိုကြီး....."
စစ်ကျွေးဆီမှ မထင်မှတ်ထားသည့် ခေါ်သံတိူးတိုးလေးကြောင့် ရှောင်းကျန့်မှာ အံ့ဩဝမ်းသာသွားရကာ စစ်ကျွေးကို တင်းတင်းကျပ်ကျပ်ဆွဲဖက်ထားရင်း ပီတိမျက်ရည်များနဲ့ ပျော်ရွှင်သွားရသည်။
"ညီလေးရယ်.....မင်းရဲ့ ခေါ်သံလေးကို တသက်လူံးပြန်မကြားရတော့ဘူးလို့ ထင်ထားခဲ့မိတာ.....ကိုကြီးသေပျော်ပါပြီကွာ.....ကိုကြီးကိုခွင့်လွတ်ပါ...."
ကိုကြီးက သူ့ကိုယ်သူ ကိုကြီးဟု သုံးနှုန်းလိုက်သည့်စကားသံလေးကို စစ်ကျွေးမှာ မြတ်နိုးမဆုံး။ထိုအသံက သူ့ဘဝတခုလုံးစာ အေးငြိမ်းမှုတွေပေးမည့် အရိပ်မိုးတခုလိုခံစားလိုက်မိသည်။ဝမ်းသာလှိုက်လှဲ၍ စစ်ကျွေးမှာ ငိုချင်လာရပြန်သည်။
"သွေးကစကားပြောတယ်ဆိုတာ ဒါမျိုးထင်တယ်နော် ကိုကြီး....ကိုကြီးကို သားဘယ်တုန်းကမှ နာကြဉ်းခဲ့တာမရှိပါဘူး....အဲ့လိုကြီးမပြောပါနဲ့....ပါပါးကိုယူလို့ ကိုကြီးကို စိတ်ဆိုးတာက သက်သက်....ကိုကြီးအပေါ်ထားတဲ့ ချစ်ခင်စိတ်က စတွေ့တုန်းကလိုပဲ မပြောင်းလဲပါဘူး....သားလဲ ကိုကြီးအပေါ်မှာ ကံသုံးပါးလုံးနဲ့ပစ်မှားစော်ကားခဲ့တာတွေအတွက် သားတောင်းပန်ပါတယ်....."