[7]

1.9K 279 72
                                    

"ဦးလေးချင်မရှိတာနဲ့ အိမ်ကို စောပြန်လိုက်တာ။ အိမ်ပြန်ရောက်တော့ မင်းကိုမတွေ့လို့။"

ကားမောင်းရင်းနဲ့ ရှောင်းကျန့်ကပြောတယ်။

"Studioမှာ ရှိလောက်မယ် ထင်ပြီး လိုက်လာခဲ့တာ။ တကယ် ကိုယ်ထင်တဲ့ အတိုင်းပဲ"

ကားပေါ် ရှိနေတဲ့ တစ်လျှောက်လုံး ဝမ်ရိပေါ်က စကားတစ်ခွန်းမှ မပြောသေးပဲ ရှောင်းကျန့်ပြောတာကိုပဲ နားထောင်နေခဲ့တာ ဖြစ်တယ်။

တိတ်ဆိတ်နေတဲ့ ရိပေါ်ဘက်ကို ရှောင်းကျန့်က တစ်ချက် ငဲ့ကြည့်ပြီး...

"မင်း ကိုယ့်ဆီလာတုန်းက အချိန်မပေးနိုင်ခဲ့တဲ့အတွက် ကိုယ်တောင်းပန်တယ်။ မင်း ယူလာပေးတဲ့ နံရိုးပေါင်း စားလိုက်ရတယ်။ ဝမ်သခင်ကြီးကို ကျေးဇူးတင်ကြောင်း ပြောပေးဦး။ ပြီးတော့ အဲ့နေ့က မင်းကို အချိန်မပေးနိုင်တဲ့အတွက် တောင်းပန်တယ်"

"ဗျာ..."

ရှောင်းကျန့်ဆီက မထင်မှတ်ထားတဲ့ စကားကြောင့် မျက်ပေတုံးလေးတွေ ဝိုင်းသွားပြီး ရှောင်းကျန့်ကို ကြည့်မိတော့ မျက်နှာထားက တည်တယ်လည်း မဆိုသာ၊ ပျော့ပျောင်းတယ်လည်း မဆိုသာ။

"မင်း ကိုယ့်ကို စိတ်ဆိုးနေတယ် ထင်လို့"

"မ...မဟုတ်ပါဘူး"

ရိပေါ်ဘက်က ချက်ချင်းအငြင်းဆိုတော့ ရှောင်းကျန့်က 'ဟုတ်ရဲ့လား' ဆိုတဲ့ အကြည့်နဲ့သာ ကြည့်ပြီး မေးခွန်းတော့ ထပ်မမေးခဲ့​။

"ဟုတ်ပါပြီ။ ကိုယ် မင်းကို ပြောပြချင်တာ။ အခုတလော ကိုယ်အလုပ်ရှုပ်မယ်။ ဦးလေးချင်လည်း မရှိတော့ ကိုယ် အိမ်ပြန်နောက်ကျတဲ့အချိန်တွေ အိမ်မှာ မင်း တစ်ယောက်ထဲဖြစ်နေလိမ့်မယ်"

ဒီရက်ပိုင်း ရှောင်းက အိမ်အပြန်နောက်ကျတတ်တာ သူလည်း သတိထားမိပါတယ်။

"ကိုယ် မင်းကို အချိန်သိပ်မပေးနိုင်တဲ့အခါ မင်း စိတ်မကောင်း ဖြစ်နေမှာ ကိုယ် မလိုလားဘူး။ အဲ့တာကြောင့် ဦးလေးချင် ပြန်လာတဲ့အထိ မင်း အိမ်တော်ကို ပြန်နေမလား"

နားထောင်နေတဲ့ တစ်လျှောက်လုံး 'အိမ်တော်ကို ပြန်နေမလား' ဆိုတဲ့ စကားမှာမှ ရိပေါ်ရဲ့ နှလုံးသားက ကျင်ခနဲ။ အထိတ်တလန့် ရှောင်းကျန့်ဘက် လှည့်ကြည့်မိတော့ သူ့ကို ကြည့်နေတဲ့ သမုဒ္ဒရာလို မျက်ဝန်းတွေနဲ့ သွားဆုံတယ်။

Xiao's ElodyWhere stories live. Discover now