နှင်းဆီပွင့်ဖတ် နီနီတွေ ဖြန့်ကြဲထားတဲ့ မင်္ဂလာအိပ်ရာနဲ့ စားပွဲပေါ်မှာ ပြင်ဆင်ထားပေးတဲ့ ဝိုင်ခွက်တွေ။ ဒါတွေက သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးညအတွက်တဲ့လား။
ရိပေါ် ထိုအိပ်ခန်းထဲသို့ နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ ဝင်သွားလိုက်ပြီး ကုတင်စောင်းမှာ တင်ပါးလွဲထိုင်လိုက်တယ်။ ပြီးတော့ ပျံ့ကြဲနေတဲ့ နှင်းဆီပွင့်ဖတ်တွေကို လက်ချောင်းထိပ်ကလေးတွေနဲ့ ခပ်ဖွဖွ တို့ထိကြည့်ရင်း။ ခြောက်ကပ်ကပ် ရယ်မောမိပါရဲ့။
အတူအိပ်ရမယ့် သတို့သားက မရှိတဲ့အခါ ဒီနှင်းဆီပွင့်တွေဆိုတာ အမှိုက်သာသာပါပဲလေ။
"ကိုယ့် ဧည်သည်တစ်ချို့ကို ညစာဧည့်ခံရဦးမှာမလို့ပြန်နှင့်လိုက်။ လူကြီးတွေနဲ့ဆိုတော့ ကိုယ် နောက်ကျချင် နောက်ကျလိမ့်မယ်။ မစောင့်နဲ့"
မင်္ဂလာပွဲကအပြန် ရှောင်းကျန့်က ထိုသို့ပြောပြီး သူ့အား ကားပေါ်တင်ပေးခဲ့တာ ဖြစ်တယ်။ ချစ်ခြင်းမေတ္တာမပါတဲ့ မင်္ဂလာပွဲတစ်ခုမှာ နွေးထွေးမှုဆိုတာ ကံစမ်းမဲစာရွက်ပေါ်က "Thank You" ဆိုတဲ့ စကားလုံးလို ဖြစ်တည်မှုပါပဲ။
အိပ်ရာပေါ်က နှင်းဆီပွင့်တွေကို စိတ်ရှည်လက်ရှည် တစ်ပွင့်ချင်း ဖယ်ရှားရင်း ပြန်လာမယ်ဆိုတာ မသေချာတဲ့ လူတစ်ယောက်ကို စောင့်နေမိတာ။ နာရီလက်တံက ၁၂ကို ကျော်လို့ နေ့ကူးသွားပြီပဲဖြစ်တယ်။
စိတ်တွေကို လျှော့ချပြီး ကုတင်ထက်မှာ ကွေးကွေးလေး လှဲလျောင်းမိတော့ နွမ်းနယ်နေတဲ့ စိတ်နဲ့အတူ။ ခေါင်းအုံးပေါ် ပြေးဆင်းသွားတာ သူ့မျက်ဝန်းက မျက်ရည်တစ်စက်။ လူတစ်ယောက်စာ နေရာလွတ်နေတဲ့ မွေ့ရာပေါ်လက်ကလေးတင်ကြည့်ရင်း ရှောင်းသာရှိနေရင် ခပ်နွေးနွေးကလေး ခံစားရမှာပဲလို့ တွေးမိပါတယ်။
အနီးဆုံးမှာ ရှိနေခဲ့ပြီးတာတောင် စိတ်တွေဝေးနေဆဲမို့ သူက ရှောင်းကို အများကြီး လွမ်းရတယ်။
.
.
.
"အမျိုးသားလေးကို အခုကတည်းက သိမ်းထုတ်ထားချင်နေပြီပေါ့""သူဌေးရှောင်းတို့က ငယ်ငယ်လေးကို ရထားတော့လည်း အူတိုခွင့်ရှိတာပေါ့လေ"
ESTÁS LEYENDO
Xiao's Elody
FanficXiao Zhan x Wang Yibo Every content in this fiction is just my imagination. [Unicode only]