The Prince And His Lover...Season-2(ဒါလေးကိုမဖတ်ခင်the princeလေးကိုအရင်ဖတ်ပေးပါနော်။မဟုတ်ရင်ဇာတ်ရည်မလည်ဘဲနေမယ်။)
_______________
နှင်းရည်စက်တွေပြန့်ကျဲနေတဲ့ သစ်တောစိမ်းစိမ်းလေးထဲ မြင်းကောင်ရည်များစွာကိုစီးနှင်လာကြတဲ့ အိမ်ရှေ့စံမင်းသားလေးနဲ့ ရံရွေတော်များ ။နောက်ပြီး စစ်သူကြီးများနဲ့ တခြားအမတ်မင်းတို့၏သားတော်များ။
လေးေတာ် အသီးသီးကိုလွယ်ကာ သတ်မှတ်ထားတဲ့ေတာစပ်အနားကိုရောက်တော့ မြင်းကိုရပ်တန့်စေသည်။ထို့နောက် အရှေ့ကဦးဆောင်လာတဲ့ အိမ်ရှေ့စံက သူ၏အချစ်တော် အညိုရောင်မြင်းလေးရဲ့လည်ဆံကိုပွတ်သတ်ကာ မြင်းပေါ်ကခုန်ဆင်းလိုက်သည်
*ဒီနေရာကနေစလိုက်ကြမလား အိမ်ရှေ့စံ..*
*အင်း..*
နှစ်စဉ်နှစ်တိုင်း ကျင်းပနေကြ အမဲလိုက်ထွက်တဲ့ဓလေ့ကို ဒီနှစ်မှာတော့ အိမ်ရှေ့စံမင်းသားက ပါဝင်လာခဲ့သည် ။မကြာခင်မှာလည်း နန်းတက်ပွဲကျင်းပဖို့ရှိသည်။မင်းကြီး တနည်းအားဖြင့် မင်းသားလေးရဲ့ ခမည်းတော်ဆီကနေ လက်ဆင့်ကမ်းထိန်းသိမ်းရမယ့် တိုင်းပြည်ရဲ့ အရှင်သခင်ဖြစ်လာတော့မှာ။
ထို့ကြောင့်လည်း တိုင်းသူပြည်သားတွေဆီက ကောင်းတဲ့မှတ်ချက်တွေကြားရသလို မကောင်းတဲ့မှတ်ချက်တွေလည်းကြားရပြန်သည် ။လွန်လေပြီးတဲ့ကာလမှာ ကိုယ်ရံတော်ဂျွန်နဲ့ ရည်ငံခဲ့တာကို တချို့က အခွင့်ကောင်းယူကာ အိမ်ရှေ့စံရာထူးက ဖြုတ်ချဖို့ အကြိမ်ကြိမ်ကြိုးစားကြသည် ။ထိုအထဲတွင် အတွင်းဝန်အမတ်ကြီးကအဆိုးဆုံးပင်။
မင်းကြီးကိုလည်း မဟုတ်မမှန်တဲ့သတင်းတွေ ခဏခဏတင်ပြတက်သည် ။ဘဏ္ဌာတွေကိုလည်း အာဏာသုံးပြီးထုတ်သုံးတက်သေးသည်။ဒါတွေကို မင်းကြီးသိပေမယ့် မျက်မြင်ကိုယ်တွေ့မကြုံရတော့ ဖမ်းလို့မလွယ်ပေ။အတွင်းဝန် အမတ်ကြီးမှာ သားတယောက်ရှိသည် ။သူသည်လည်း ဒီနှစ်အမဲလိုက်ပွဲမှာ အိမ်ရှေ့စံရဲ့ ကိုယ်ရံတော်အနေဖြင့် ပါဝင်မည်။သို့သော် ထိုသူသည် အိမ်ရှေ့စံအပေါ် မကောင်းတဲ့စိတ်မွေးမြူပြီး အခွင့်ရေးရရင်လုပ်ကြံချင်နေသည်
YOU ARE READING
HUNTER (Completed)