အပိုင်းတစ်ဆယ့်ငါး

1K 82 27
                                    


မှောင်ပျပျသာရှိတဲ့အခန်းလေးထဲ မီးတိုင်လေးကိုအားပြုပြီး ငြိမ်သက်စွာထိုင်နေတဲ့မင်းသမီးကသက်ပြင်းတခါခါချရင်း အဝေးတနေရာကိုငေးကြည့်နေလိုက်သည်။အကြောင်းပြချက် ရေရေရာရာမရှိဘဲ တွေတွေလေး စူးစိုက်ကြည့်နေတဲ့မျက်နှာလေးကနွမ်းလျနေတယ်။

သူ(မ)အနားမှာအနီးကပ်စောင့်ရှောက်ဖို့ ယွမ်နိုင်ငံကနေ ကိုယ်ရံတော်စစ်သည်နှစ်ယောက်ကိုခမည်းတော်ကလျှို့ဝှက်စွာနဲ့ထည့်ပေးလိုက်သည်။ဒါကိုသူ(မ)တစ်ယောက်ထဲသိ၏။မင်းသားပျောက်သွားလို့ လိုက်ရှာရမယ်ဆိုတုန်းက ယွမ်နိုင်ငံက စစ်သည်တွေကိုအတူရောပါလာခဲ့တာ။

သူ(မ)ခိုင်းတာလုပ်ဖို့နဲ့ အန္တာရာယ်ပေးလာမယ့် မည်သူ့ကိုမဆိုသုတ်သင်ရှင်းလင်းဖို့ပါ ခမည်းတော်ကတခါထဲမှာလိုက်တယ်။ဒါကြောင့် အိမ်ရှေ့စံနဲ့ဂျွန်တို့ရဲ့လှုပ်ရှားမှုကို သူ(မ)သိတာမဆန်းဘူးထင်တယ်။သတင်းပေးစစ်သည်ရှိနေလို့လေ။

ဒီနေ့မှာလည်း ဘန်ယူနဲ့အတွင်းဝန်တို့ပြောတဲ့စကားတွေကို အထိန်းတော်ကကြားပြီးသူ(မ)ဆီသတင်း‌ပို့လာတာကြောင့် ထိုကိုယ်ရံတော်စစ်သည်နှစ်ယောက်ကိုဖြေရှင်းခိုင်းလိုက်တာဖြစ်သည်။

ဂျွန်ကိုဘာလို့ကူညီပေးတာလည်းလို့မေးလာရင် မင်းသားချစ်ရတဲ့သူမို့ ကာကွယ်ပေးတာလို့ပြန်ဖြေရမယ်။မင်းသားကလည်းဂျွန်ကိုထိခိုက်စေချင်မှာမဟုတ်ဘူးလေ။

အတွေးတွေကိုခတ္တရပ်ကာ ငှက်မွှေးတောင်နဲ့လုပ်ထားတဲ့မှင်ချောင်းကိုယူပြီး ပေလွှာရွက်ပေါ်တင်လိုက်သည်။သေသပ်လှပတဲ့လက်ရေးဝိုင်းဝိုင်းလေးနဲ့ ညီညာစွာချရေးနေတဲ့စာလုံးတွေက ပေလွှာထက်ပြေးလွှားနေသည်။ခမည်းတော်ဆီ ရေးတာဖြစ်လို့ သူ(မ)မျက်နှာကဝမ်းနည်းရိပ်ရောင်သန်းနေသည်

ယွမ်နိုင်ငံကိုဘယ်လောက်လွမ်းကြောင်း၊ သူ(မ)ကိုစိတ်မပူဖို့ နဲ့ခမည်းတော်သာကျန်းမာအောင်နေဖို့ စသဖြင့်ပြောချင်တာတွေကို ပေလွှာရွက်အပြည့်ရေးပြီး ပိုးသားဖဲကြိုးအနီလေးဖြင့်လိပ်ပြီးချည်နှောင်လိုက်သည် ။ပြီးနောက် အခန်းပြင်မှာအသင့်စောင့်နေတဲ့ ကိုယ်ရံတော်စစ်သည်တယောက်ကိုပေးလိုက်ပြီး အပြုံးရေးရေးလေးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

HUNTER (Completed)Where stories live. Discover now