ကျယ်ပြန့်တဲ့နန်းရင်ပြင်ကြီးထဲ ဆူညံပွတ်လောရိုက်နေကြတဲ့ ပြည်သူတွေရဲ့စကားသံကတယောက်တပေါက်ဖြင့် ညံစည်နေတော့သည်။အိမ်ရှေ့စံပျောက်သွားတာကို နောက်ကျမှအသိပေးတာကြောင့် ပြည်သူတွေကမကျေမချမ်းဖြစ်နေရှာသည်။ထို့ကြောင့်လည်း မင်းကြီးကိုဆန့်ကျင်ဖို့အားတက်သရောနဲ့ပါဝင်လှုပ်ရှားနေကြသည်။နန်းဆောင်ထဲကမင်းကြီးသည်လည်း ထိုမြင်ကွင်းကြောင့် ခေါင်းမီးတောက်နေရှာသည်။
တောထဲကပြန်လာတဲ့စစ်သည်တွေကတော့ တတောလုံးကုန်စင်အောင် ရှာဖွေခဲ့ပေမယ့် သားတော်ရဲ့ခြေရာအစနလေးတောင်မတွေ့လို့ဆိုပြီးလက်လျော့ကာပြန်လာခဲ့ရသည်။
*ကျွန်တော်မျိုးတို့ဘာဆက်လုပ်ရမလဲ မင်းကြီး...*
*အရင်ဆုံး ပြည်သူတွေကိုငြိမ်သွားအောင်ထိန်းချုပ်ထားလိုက်.!*
*ကောင်းပါပြီ..*
အကြံပေးအမတ်ကြီးက ခေါင်းငုံ့အရိုသေပေးကာ နန်းဆောင်ထဲကထွက်သွားတော့မှ မင်းကြီးလည်းသက်ပြင်းတိုးတိုးချလိုက်သည်။တဖက်နိုင်ငံတွေကလည်း ကုန်သွယ်ရေးလုပ်ဖို့ကိုပြန်စဉ်းစားပါရစေဆိုပြီး သဝဏ်လွှာတွေပေးပို့လာကြတယ်။သားတော်တယောက်လုံးပျောက်နေတာတောင် စိတ်အေးလက်အေးနေနိုင်တဲ့ခမည်းတော်ဆိုပြီးတော့လည်း ပြည်သူတွေကတီးတိုးမှတ်ချက်ပေးတာကိုကြားရပြန်တယ်။
မင်းကြီးလည်းဘာဆက်လုပ်ရမလဲမသိတော့ပေ။သားတော်ကိုထာဝရဆုံးရှုံးလိုက်ရပြီလား။အတွေးနဲ့အတူ မင်းကြီးလည်းမူးနောက်လာတဲ့ဦးခေါင်းကိုနှိပ်နယ်လိုက်သည်
*သားတော်ကိုတကယ်ဘဲဆုံးရှုံးလိုက်ရပြီထင်တယ်...*
*မဟုတ်တာဘဲ မိဖုရား ရယ်။သားတော်ကတနေရာမှာအသက်ရှင်နေလောက်မှာပါ.....*
*စိတ်ထားကောင်းတဲ့ကလေးမို့ ကူညီစောင့်ရှောက်မယ့်သူပေါ်လာမှာသေချာတယ်...*
*ဒါဆိုဘာလို့အခုထိမတွေ့ရတာလဲ.!*
ဒေါသမမြည်တဲ့လေသံနဲ့မိဖုရားကအဝေးတနေရာကိုကြည့်ပြီးဆွေးမြေ့စွာနဲ့ပြောလိုက်တယ်။နန်းတွင်းထဲကိုရှေ့ဖြစ်ဟောနတ်ဆရာတွေပင့်ဖိတ်ပြီး သားတော်ကိုကြည့်ရှုရှာဖွေခိုင်းပေမယ့် နေရာအတိကျမပြောဘဲ မရေရာတဲ့အဖြေတွေသာပေးလာကြတယ်။ကြာလာတော့ မိဖုရားလည်း လက်လျော့ချင်လာတယ်။
YOU ARE READING
HUNTER (Completed)