ဖြောင်း.!!
နန်းဆောင်ထဲကိုဝင်ဝင်ခြင်းရိုက်ချခံလိုက်ရတဲ့ ပါးပြင်..။ရုတ်တရက်မို့ ရှောင်လွှဲချိန်တောင်မရတော့ အားပြင်းလွန်းတဲ့ရိုက်ချက်မို့ ပါးပြင်မှာချက်ချင်းဘဲ လက်ငါးချောင်းအရာကြီးထင်သွားတော့သည်။
သူ့ကိုရုိက်တဲ့သူကို မော့ကြည့်လိုက်ချိန် အံကိုတင်းကြိတ်ထားပြီး မျက်ဒေါင့်နီနီဖြင့် စိုက်ကြည့်နေတဲ့ မင်းကြီး.....။အိပ်ဆောင်ထဲထိ ဝင်လာပုံထောက်ရင်မနေ့ညက တညလုံးအပျော်မယ်တွေနဲ့ ပျော်ပါးနေခဲ့တာကို သိသွားလို့များလား။ဒါမှမဟုတ် အိမ်ရှေ့စံ ကိုလုပ်ကြံခဲ့တာကို သတင်းရသွားလို့များလား။ဘန်ယူ တွေးရင်ကြောက်ဒူးတုန်လာသည်။သူ့အပြစ်က ထောင်သွင်းအကျဉ်းချလို့ရတဲ့ အပြစ်လေ။ထိုအပြစ်ကို သူကျူးလွန်ခဲ့တာ။
ဘယ်လိုလုပ်ပြီးစိတ်ချမ်းသာစွာနေနိုင်ပါ့မလဲ။တနေ့တနေ့ မင်းကြီးများသိသွားလေမလားဆိုတဲ့စိတ်နဲ့ အိပ်ယာဝင်ခဲ့ရတဲ့ညပေါင်းများစွာ။အိမ်မက်ထဲမှာလည်း အိမ်ရှေ့စံက ပြန်လာပြီးသူ့ကိုလာသတ်နေတယ်ဆိုတဲ့ အိမ်မက်ဆိုးတွေက အမြဲခြောက်လန့်နေခဲ့တယ်.....
*အိမ်ရှေ့စံရဲ့ကိုယ်ရံတော်အဖြစ် ခန့်အပ်ထားတယ်ဆိုတာ အခုလိုသေရည်သောက်စားပြီးပျော်ပါးနေဖို့မဟုတ်ဘူး.!*
*လိုအပ်လာရင် မင်းအသက်ကိုပါ ရင်းပြီးကာကွယ်ဖို့ တာဝန်ပေးထားတာ.!*
*အခုဘယ်လိုလဲ.!အိမ်ရှေ့စံကို ကူရှာပေးဖို့ ဘာလို့မစဉ်းစားရတာလဲ.!အိမ်ရှေ့စံ ပျောက်သွားတာ သွေးရိုးသားရိုးတော့ မဟုတ်ဘူး.!*
*ဘာလဲ.!ဒီကိစ္စမှာ မင်းပါနေလို့လား ဘန်ယူ.!*
*မဟုတ်..မဟုတ်ပါဘူး...မပါပါဘူး မင်းကြီး..*
*ကျွန်တော်က အိမ်ရှေ့စံကို အဲလိုလုပ်မယ့်သူမျိုးလား မင်းကြီးကလည်း...*
*အေး.!လုပ်ခဲ့ရင်လည်း မင်းကို သေဒဏ်ချမှာနားလည်လား.!*
*နား..နားလည်ပါတယ်....*
*မင်းသတင်းတွေအကုန် ငါပြန်ကြားရတယ် ..ဒီနေ့ကစပြီး နန်းတော်အပြင်ကိုထွက်ဖို့မစဉ်းစားနဲ့တော့.!အဲဒီအစား အပြစ်ပေးတဲ့အနေနဲ့ ယွမ် နိုင်ငံက စစ်သည်တွေနဲ့အတူ အိမ်ရှေ့စံကို အိမ်နီးချင်းနိုင်ငံအနှံ့မှာ ရှာဖို့ လိုက်သွားရမယ်..*
YOU ARE READING
HUNTER (Completed)