အပ်ကျသံပင်မကြားရတဲ့ တဲအိမ်လေးထဲ မလှုပ်မယှက်ဘဲထိုင်နေသူတစ်ဦးကတော့ မျက်ရည်အဝိုင်းသားနဲ့ ရင်,ကိုကြည့်နေတယ်။ဘယ်ကစလို့ ဘာစကားဆိုရမှန်းမသိတော့ဘူး။တောင်းပန်ရင်တောင် ခွင့်လွှတ်နိူင်တဲ့အနေထားမှမဟုတ်တာ။
သူပျောက်သွားတာ သမီးလေးမမွေးခင်ကတည်းကဆိုတော့ ရင်,စိတ်နာမယ်ဆိုလည်းနာစရာပါဘဲ။သူ အသုံးမကျလို့ဖြစ်ရတာ။ဒါပေမယ့် တမင်ရည်ရွယ်ချက်နဲ့ထားခဲ့တာမဟုတ်ပါဘူး။တိုက်ဆိုင်လွန်းတဲ့ ကွဲလွဲချက်ကြောင့် ရင်, ကိုထားခဲ့သလိုမျိုးဖြစ်သွားရပြီး သူသည်လည်းအဝေးတနေရာမှာ သေလုမျောပါးဖြစ်ခဲ့ရသည်
ဂျက်စတင်......။ယောနိုင်ငံရဲ့ ကုန်သွယ်ရေးအကြီးကဲ၏သား။မြို့ပေါ်မှာဆို ဂျက်စတင် ကိုမသိသူရှားသည် ။ဘာလို့ဆို ဖခင်ကအကြီးဆုံးရေနက်ပိုင် ကုန်သင်္ဘောအများအပြားကိုပိုင်ဆိုင်ထားပြီး သူတို့လက်အောက်မှာအလုပ်လုပ်ကြတဲ့ ပြည်သူတွေကလည်းအများကြီးကို။
မြင့်မားတဲ့အရပ်နဲ့ အညိုရောင်သန်းတဲ့အသားရည်က ဂျက်စတင်ရဲ့ရုပ်ရည်ကိုပိုပြီးခန့်ညားစေသည်။မျက်နှာကျက တည်တံ့ပြီးအပြုံးရယ်ရှားပေမယ့် ရယ်လိုက်တဲ့အခါမှာဆို မိန်းမပျိုတွေ ရင်ခုန်ကလွန်းလို့ ခေါက်ခနဲ လဲကျနိုင်တဲ့အထိဘဲ။
ဂျက်စတင်ကဆွဲဆောင်မှုအပြည့်ရှိတဲ့ အမျိုးသားတစ်ယောက်။ငွေ ကြေးပြည့်စုံပြီး ပညာတက်ဖြစ်တာကြောင့် လူကုန်ထံအသိုင်းဝိုင်းက သမီးရှင်တိုင်းသူ့ကိုသမက်ဖမ်းချင်ကြသည်။
အဆင့်တန်းခွဲခြားခြင်းမရှိဘဲ အများနည်းတူ နိမ့်ကျတဲ့သူတွေကိုလည်းသနားကြင်နာတက်ပြီး ပေးကမ်းစွန့်ကျဲခြင်းလည်းမကြာ မကြာပြုလုပ်သည်။သို့ပေမယ့် ဖခင်ကတော့သဘောမကျဘူးပေါ့။မိခင်သည်လည်းထိုနည်း၎င်းဘဲ။သိပ်ပြီး အတ္တကြီးသည်။
တနေ့ဖခင်ပိုင်တဲ့ကုန်သင်္ဘောတွေဆီ ကြည့်ရှုစစ်ဆေးဖို့သွားရောက်တုန်း သူ့အာရုံကိုဖမ်းစားလိုက်တဲ့မိန်းမပျိုလေးတယောက်ကိုတွေ့သွားခဲ့သည်။ကမ်းစပ်မှာ ပိုက်ကွန်တွေကိုမနိုင်မနင်းသယ်ရင်း အပြုံးချိူချိုလေးနဲ့ လူတကာကိုရယ်ပြနေတဲ့ မိန်းကလေးကမပြည့်စုံဘူးဆိုတာသိလိုက်သည် ။
YOU ARE READING
HUNTER (Completed)