အပိုင်းတစ်ဆယ့်နှစ်

1K 91 17
                                    

တိမ်ပြာပြာကောင်းကင်ကြီးအောက်တွင် နွမ်းလျပြီးစုတ်ပြဲနေတဲ့အထည်ကိုဝတ်ဆင်ကာ ဆံပင်ရှည်ကိုလည်းပွယောင်းနေအောင်စည်းနှောင်ထားသည်။နှုတ်ခမ်းမွှေးအတုတပ်ကာ ခေါင်းကိုလည်းပုဝါဖြင့်စည်းနှောင်ထားသေးသည်။လက်ထဲတွင်တော့ တုတ်ကောက်တချောင်းကိုင်ဆောင်လာပြီး လူသူများပြားထဲဈေးတန်းထဲ သူဖုန်းစားလိုဟန်ဆောင်ကာ လှည့်ပတ်ကြည့်ရှုနေသည်

ထိုသူကတော့ကိုယ်ရံတော်ဂျွန်သာဖြစ်သည်။မင်းသား၏အမိန့်အတိုင်းတောကစားထွက်တုန်းက ဘန်ယူနဲ့အတူပါသွားတဲ့ ကိုယ်ရံတော်စစ်သည်3ယောက်ကိုရှာဖို့ပင်ဖြစ်သည်။ဖခင် ‌စစ်သူကြီးရဲ့အကူညီနဲ့ ထိုလူတွေအကြောင်းကိုအခ်ျန်ခဏလေးအတွင်းသိခဲ့ရသည်။မင်းသားပျောက်သွားတဲ့နေ့နဲ့တစ်ရက်ထဲဘဲ ထိုလူတွေကလည်းပျောက်ချင်းမလှပျောက်သွားတယ်တဲ့။

ဝေးဝေးတော့သွားမှာမဟုတ်ဘူး။ဟွမ် နိုင်ငံထဲမှာဘဲ ဇာတ်မြုတ‌်နေတာဖြစ်နိုင်တယ်။ဒါကြောင့် အခုလိုလူများတဲ့နေရာကနေ စတင်ရှာဖွေဖို့စဉ်းစားလိုက်သည်။

*ပင်ပန်းလိုက်တာ ကွာ..။ဒီလိုနေပူပုံမျိုးနဲ့ဆို ကြာရင် အသက်ထွက်သွားနိုင်တယ်....*

*မင်းကလည်း ညီးလိုက်တာမှ..ယောကျာ်းမဟုတ်တဲ့အတိုင်းဘဲ....*

*တခါမှမလုပ်ဖူးတာ ...နန်းတွင်းထဲမှာဆို...*

*ဟေ့ကောင်...!ဆက်မပြောနဲ့တော့...!*

*ဒါပေမယ့်....*

*တယောက်ယောက်ကြားသွားရင် ခေါင်းဖြတ်ခံ‌ေနရမယ်...*

ယိုယွင်းနေတဲ့အမိုးအကာတွေနဲ့တည်ဆောက်ထားတဲ့ ယာမကာဆိုင်လေးထဲ တယောက်တပေါက်ဖြင့်စီညံနေသည် ။ငွေစရှိသလောက်နဲ့ ဝယ်ယူသောက်သုံး၍ရလို့ လူတန်စားမရွေး လာရောက်ကြသည် ။ယာမကာအရှိန်လေးဝင်လာတော့ အာလေးလျှာလေးနဲ့ စိတ်ထဲရှိရာပြောတော့တာဘဲ။

သစ်သားထိုင်ခုံပုလေးတွေနဲ့ စားပွဲဝိုင်းတစ်ခုမှာလူလေးယောက်လောက်ထိုင်လို့ရတယ်။တဝိုင်းနဲ့တဝိုင်းကလည်းကျောချင်းကပ်ရှိနေတော့ ဘာပြောလဲဆိုတာအတိုင်းသားကြားရတယ်လေ။ခပ်နွမ်းနွမ်းချည်ထည်ကို ဝတ်ဆင်ထားတဲ့အမျိုးသား၃ယောက်က ဘေးဘီကိုမကြည့်ဘဲ ပြောချင်ရာပြောလိုက်တော့ တဖက်ဝိုင်းမှာထိုင်နေတဲ့ ဂျွန်ကခပ်သော့သော့လေးရယ်လိုက်တယ်။

HUNTER (Completed)Where stories live. Discover now