အပိုင်းငါး

1.1K 103 12
                                    


ကျေးငှက်သံတဆာဆာနဲ့ ပတ်ဝန်းကျင်ကအော်ဟစ်သံတွေကြောင့် နံနက်ခင်းရောက်ပြီဆိုတာသိလိုက်တယ်။သို့ပေမယ့် အိပ်ချင်တဲ့စိတ်ကအစိုးမရပေ။မျက်ခွံ‌လေးလေးကို အတင်းကာရောဖွင့်ဖို့ကြိုးစားပေမယ့် ချက်ချင်းဘဲပြန်မှိတ်ကျသွားသည်။ညက ဘယ်အချိန်အိပ်ပျော်သွားလဲမသိဘူး။

ဂျော်နီ နဲ့စကားပြောနေရင်း အိပ်ပျော်သွားတာဆိုတော့ မူးမူးနဲ့အမှားမလုပ်မိဘူးလို့တော့ထင်တာဘဲ။ဒါပေမယ့်လည်း ပြောလို့မရဘူးလေ
သူ မသိစိတ်ကပြောချင်ရာတွေကို ထုတ်ပြောနေမိရင်ဘယ်လိုလုပ်မလဲ။

မျက်လုံးသာမှိတ်ထားတာ အတွေးကတော့ညက ပုံရိပ်တွေနဲ့စကားသံတွေကို မှတ်ဉာဏ်ထဲပြန်ဖော်နေရသည်။ထို့နောက် ဂျီမင် တယောက်အလန့်တကြားဖြင့် အိပ်ယာကနေ ဆက်ခနဲကုန်းထကာ ထိုင်လိုက်သည် ။ပွယောင်းနေတဲ့ ဆံပင်တွေကိုလက်နဲ့ဖိသပ်ရင်း တအိမ်လုံးကိုမျက်လုံးဝေ့ပြီးကြည့်လိုက်သည်။

သူကဘယ်လိုလုပ်ပြီးအိမ်ပေါ်ရောက်နေရတာလဲ။မှတ်မိသလောက်ကတော့ ကွပ်ပျစ်ပေါ်မှာဘဲအိပ်ပျော်သွားတာပါ။ဒါဆို ဂျော်နီ ချီတင်ပေးလိုက်တာလား။အယ်...မဖြစ်နိုင်တာ။

*ကိုကို နိုးနေပီဘဲ...*

နှုတ်ခမ်းကိုဆူထော်ပြီး ညကအဖြစ်ပျက်ကိုအသဲအသန်စဉ်းစားနေတုန်း မီမီ,ကအရုပ်တရုပ်ကိုင်ကာ သူ့အနားမှာလာထိုင်သည်။

*ဖေဖေကမှာထားခဲ့တယ်။ခေါင်းမူးနေရင် ပျားရည်လေးသောက်‌လိုက်ပါတဲ့....*

ဝါးခုံပေါ်မှာတင်ထားတဲ့ ဖန်ခွက်လေးကိုလက်ညှိုးထိုးပြရင်းပြောလာသည်။မှာထားခဲ့တယ်ဆိုတော့ ဘယ်သွားလို့လဲ။တအိမ်လုံးလည်းတ်တ်ဆိတ်နေတာဘဲ။အရင်ကိုဆို ရင်,တို့သားမိရဲ့တီးတိုးသံလည်းကြားရတယ်။

*ဒါနဲ့ ရင်,နဲ့ဂျော်နီကရော ဘယ်သွားကြလို့လဲ ..*

အိပ်ယာနိုးကာစမို့ ဂျီမင်အသံက ခပ်အစ်အစ်လေးဖြစ်နေသည်။ပန်းရောင်သန်းနေတဲ့ ပါးနှစ်ဖက်သည်လည်းဖောင်းအစ်လို့နေသည်။

*မေမေနဲ့ ဖေဖေက ကွန်သွားပစ်တယ်။ဒီနေ့ကရေကျရက်လေ ။အဲတော့ ငါးအကြီးကြီးတွေရတယ်...*

HUNTER (Completed)Where stories live. Discover now