အပိုင်းတစ်ဆယ့်ခြောက်

1K 87 15
                                    

နွေလေပြေကတသုန်သုန်တိုက်ခတ်နေတော့ နန်းတွင်းထဲက ချယ်ရီပွင့်ဖတ်တွေသည်လည်း လေနှင်အရာအတိုင်းလူးလွင့်နေတော့တယ်။ဒီနှစ်နွေကပိုပြီးပူလောင်သလားလို့။တိုင်းသူပြည်သားတွေရဲ့ငိုကြွေးသံကိုလည်း ကျယ်ကျယ်လောင်လောင်ကြားရတယ်။

ဆန်ရေစပါးအထွက်နှေးလာပြီးမိုးခေါင်လာတယ်။ကြည့်ရတာ မင်းသမီးအတွက်ကူပြီးဝမ်းနည်းပူဆွေးပေးနေတယ်ထင်၏။အပြစ်ရှိသူကိုအပြစ်ပေးလိုက်ပေမယ့် အပြစ်မရှိတဲ့မင်းသမီးအတွက် အားလုံးကတရားမျှတမှုလိုချင်နေကြတယ်။

ဂျီမင် လည်းတိုင်းသူပြည်သားတွေအလိုကျ ဘန်ယူကိုကြိုးမိန့်ပေးပြီး ဘဏ္ဍာရေးအမတ်နဲ့ပူးပေါင်းပါဝင်သူမှန်သမျှကို အကျဉ်းထောင်ထဲတသက်တကျွန်းချမှတ်လိုက်တယ်။အတွင်းဝန်ကတော့ ထိုညကတည်းကအသက်ဆုံးရှုံးသွားရတယ်။

လက်ထဲမှာကိုင်ထားတဲ့ဆံထိုးလေးကို တင်းတင်းဆုတ်ကိုင်ရင်း နန်းတွင်းအနောက်ဘက်ကိုလာလိုက်တယ်။ညှိုး‌ေလျာ်နေတဲ့ မျက်နှာကနွမ်းဖတ်နေပြီးလမ်းလျှောက်ဖို့တောင် အားမရှိတော့ပေ။

သူသတိပြန်ရလာတဲ့ချိန်မှာတော့ မင်းသမီးအသက်မရှိတော့ဘူးဆိုတာ ခမည်းတော်ကတုန်တုန်ရီရီနဲ့ပြောလာတယ်။သူ မယုံနိုင်သေးဘူး။ဝမ်းနည်းလွန်းလို့ ငိုဖို့မျက်ရည်တွေလည်းမကျနိုင်တော့ဘူး။ရင်ထဲတင်းကျပ်လာပြီးအသက်ကိုဝဝရှု‌ေနရတဲ့အနေထားဘဲ။

လည်ပင်းနဲ့လက်က ဓားဒဏ်ကိုရာသမားတော်ကဆေးထည့်ပေးပြီးအနားယူဖို့မှာပေမယ့် သူဘယ်လိုစိတ်မျိုးနဲ့နေရမှာလဲ။ဂျွန် ကတော့သူ့ကိုနှစ်သိမ့်ပေးပါတယ်။

ယွမ်နိုင်ငံကိုချက်ချင်းသဝဏ်လွှာပို့တော့ နောက်နေ့မကူးခင် မင်းကြီးရောက်ချလာတယ်။မင်းသမီးက သဝဏ်လွှာကြိုပို့ထားလို့တဲ့။နန်းတွင်းထဲက ဖြ့စ်စဉ်တွေကိုအကျဉ်းချုံးပြီးရေးထားပုံရတယ်။အဲဒါကြောင့် မင်းကြီးက မင်းသမီးကိုစိတ်ပူလို့ ဒီကိုလာဖို့ချက်ချင်းစီစဉ်ခဲ့တာတဲ့။

ယွမ်မင်းကြီးသူ့ကိုတော့အပြစ်မတင်ပါဘူး။ဒါပေမယ့် သမီးကိုဆုံးရှုံးလိုက်ရတဲ့ခမည်းတော်တယောက်အနေနဲ့ ရူးမသွားတာဘဲကံကောင်းတယ်လို့ဆိုရမယ်။ယူကြုံးမရဖြစ်နေတဲ့ မင်းကြီးကိုကြည့်ပြီး ဘယ်လိုစကားနဲ့ဖြေသိမ့်ပေးရမလဲဆိုတာ သူစဉ်းစားမထွက်တော့ဘူး။

HUNTER (Completed)Where stories live. Discover now