ဇာတ်သိမ်းပိုင်း

2.3K 131 24
                                    

*သမီး..*

*ဟင်..!ဖေဖေကနှစ်ယောက်တောင်ပေါ့နော်....*

ဂျော်နီရော ဂျက်စတင်ကိုပါအတူတွေ့လိုက်ရတဲ့ မီမီက ,ကလေးပီပီ သူတွေးမိသလောက်ပြောလာတော့ ရင်,ကအမြန်ဘဲဟန့်တားလိုက်တယ်။ဒါတောင် သူ(မ)ကိုဟုတ်တယ်လေ ဆိုပြီးတိုးတိုးလေးပြောလာသေးတာ။တကယ်မလွယ်တဲ့ကလေးဘဲ။

*အိမ်ပေါ်တက်ရအောင်လေ.....*

*အင်း...!*

သိချင်တာတွေများနေတော့ ဘယ်ကစပြီးမေးရမှန်းမသိတော့ပေ။ဒါကြောင့်လည်း ရင်,ကဘဲတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်။သမီး လက်ကိုဆွဲကာ အိမ်ပေါ်တက်ဖို့လုပ်တော့ သူ(မ)လက်ထဲကနေ ရုန်းထွက်သွားတဲ့သမီးက ဂျော်နီ အနားကိုပြေးသွားတော့တယ်။

*ဖေဖေ့ကိုလွမ်းနေတာ....*

*ဟုတ်လို့လား....*

*ဟုတ်..!ဒါမယ့်လေ မီမီ မှာအဖေကနှစ်ယောက်ဖြစ်နေတယ်....*

*.......*

*မေမေကပြောတယ် မီမီရဲ့ဖေဖေက ဒါတဲ့ ..*

သမီးက ဂျက်စတင်ဘက်ကိုလှည့်ကာလက်ညိုးထိုးပြလာတော့ ဂျွန်လည်းအပြုံးရေးရေးလေးဖြင့်ကြည့်လိုက်သည် ။ဒါက ရင်,ရဲ့အမျိုးသားဖြစ်လိမ့်မယ်။ဝမ်းသားစရာဘဲ ၊သမီးလည်းဖခင်အရင်းနဲ့နေရတာပေါ့။

သူလည်းသမီးကိုချစ်ပါတယ်။သူ့လက်ထဲမှာဘဲကြီးပြင်းလာခဲ့တာမဟုတ်လား။တချို့သောအကြောင်းတရားတွေကြောင့်သာ သူကဖခင်အမည်ခံပေးခဲ့တာလေ ။

*အကို ဒါက မီမီရဲ့အဖေ.. ဂျက်စတင်ပါ ...*

*ဟုတ်ကဲ့..ဂျော်နီပါ...*

*ဂျော်နီ နာမည်ကိုတော့ရင်းနှီးနေတာကြာပါပြီ.....*

*........*

*ရင်,နဲ့သမီးကခဏခဏပြောလို့လေ။နောက်ပြီး ဒီကိုမလာခင်က ရင်,တို့သားမ်ိအကြောင်းစုံစမ်းရင်းသိခဲ့တာပါ.....*

*ဪ.....*

ဂျက်စတင်ဆိုသူက သူ့ကိုခပ်ဟဟရယ်ရင်းပြောလာတော့ ဂျွန်လည်းခေါင်းငြိမ့်ပြလိုက်သည်။ဂျီမင်ကတော့ ဘာမှဝင်မပြောဘဲငြိမ်နေသည်။ဒါကိုသိလို့ ဂျွန်ကအနားကိုဆွဲခေါ်လိုက်ပြီး လက်ဖဝါးလေးကိုအသာဆုတ်ကိုင်လိုက်သည်။သူတို့အပြုမှုကြောင့် ရင်,ရောဂျက်စတင်ပါ ထူးဆန်းသဖွယ်ကြည့်လာသည်။

You've reached the end of published parts.

⏰ Last updated: Oct 02, 2023 ⏰

Add this story to your Library to get notified about new parts!

HUNTER (Completed)Where stories live. Discover now