*နို့ပူပူလေး သောက်လိုက်ပါအုန်း မယ်မယ်...*တနေ့ထက်တနေ့ကျန်းမာရေးဆိုးရွားလာတဲ့မိဖုရားက အစားလည်းမမှန်တော့တာကြောင့်အရွယ်နဲ့မလိုက်ဘက်စွာဘဲ ပိန်ကျသွားခဲ့သည်။မည်သူနဲ့မှလည်းစကားမပြောတော့ပေ။မင်းကြီးလည်းစိတ်ရှုပ်ထွေးနေတာကြောင့် မိဖုရားကိုဂရုမစိုက်နဲ့ဘဲဖြစ်နေသည်
နန်းတွင်းထဲမှာလည်းရုပ်ရုပ်သဲသဲဖြစ်လာပြီ။ အိမ်ရှေ့စံအသစ်တင်မြှောက်ဖို့ကိုဘဲ တိုက်တွန်းနေကြတာကြောင့် မင်းကြီးလည်းစိတ်ထောင်းလို့ကိုယ်ကျေကာ ခန္ဓာကိုယ်ကယဲ့ယဲ့လေးဘဲရှိတော့သည်။
မနက်ပိုင်းညီလာခံပြီးသွားတော့ မိဖုရားရဲ့အိပ်ဆောင်ကိုလာခဲ့လိုက်သည်။အစေခံတွေကိုလည်းအဝင်မခံတော့သလို ဘာကျွေးကျွေးမစားတဲ့မိဖုရားကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရသည်။ အချိန်အားဖြင့်၂လလောက်ကြာမြင့်သွားသည့်တိုင် မင်းသားရဲ့သတင်းကတော့အစအနမှမကြားရတော့ပေ။တကယ်ဘဲ သေဆုံးသွားပြီလားလို့တောင် ထင်မြင်မိတယ်။
*မယ်မယ်..*
အယ်လီယာသည်လည်းနေ့နေ့ညည မအားလပ်နိုင်ရှာပေ။မိဖုရားက သူ(မ)ကလွဲရင်ဘယ်သူနဲ့မှအဆင်မပြေတော့တာကြောင့် သူ(မ)ကဘဲ ဒိုင်ခံပြုစုနေရသည်။အိပ်ရေးပျက်တဲ့ညပေါင်းများစွာနဲ့ မင်းသားကိုလွမ်းတဲ့နေ့တွေက သူ(မ)အတွက်ငရဲလိုပါဘဲ။စိုးရိမ်ပူပန်စိတ်တွေက ပြောပြလို့မရအောင် ရင်ထဲပြည့်ကျပ်နေသည်
*ဘာမှမစားဘူးလား သမီးတော်...*
*ဟုတ်ကဲ့..*
*အခုထိဘာမှကျွေးလို့မရသေးဘူး ခမည်းတော်....*
ကုတင်ရဲ့တဖက်ခြမ်းကိုလှည့်ထားပြီး မင်းကြီးတို့ကိုကျောခိုင်းထားတဲ့ မိဖုရားကိုကြည့်ပြီးသက်ပြင်းကိုယ်စီချမိသည်။ဒီအတိုင်းဆို မကြာခင်နတ်ရွာစံသွားနိုင်တယ်။
*မိဖုရား အစားစားမှဖြစ်မယ်။ကျန်းမာမှသားတော်ကိုစောင့်နေနိုင်မှာလေ...*
*ဒီအတိုင်းခေါင်းမာနေမယ်ဆိုရင် အခြေနေပိုဆိုးသွားလိမ့်မယ်..*
မင်းကြီးကကုတင်အစွန်းမှာဝင်ထိုင်လိုက်ပြီး မိဖရား၏ကျောပြင်ကိုပွတ်ကာ ချော့မြူစကားဆိုလိုက်သည်။ထိုအခါ မိဖုရား၏ကိုယ်လုံးလေးက တသိမ့်သိမ့်တုန်ခါလာခဲ့သည်။ငိုနေပြန်ပြီ။
နေ့စဉ်နေ့တိုင်းငိုနေတာ မျက်ရည်တွေလည်းမကုန်ခမ်းနိုင်သေးဘူးလားမသိဘူး။ငိုပြီးရင် အမောဖောက်လာလို့ သမားတော်က အခန်းဝရှေ့မှာအဆင်သင့်စောင့်နေရတာ။
YOU ARE READING
HUNTER (Completed)