အပိုင်းတစ်ဆယ့်သုံး

1K 84 21
                                    

*တရားခံကိုအမြန်ဖော်ထုတ်ပေးပါ မင်းကြီး...!!*

*ဒီကိစ္စကို လျစ်လျူရှုလို့မဖြစ်ပါဘူး..!*

*နန်းတွင်းထဲမှာလုပ်ကြံသူရှိနေတယ်ဆိုတာ သေချာပါတယ် မင်းကြီး....!*

အမတ်မင်းတွေရဲ့တယောက်တပေါက်လျှောက်တင်သံတွေက ညီလာခံခန်းမထဲဆူညံလို့နေသည်။မနေ့ညက အတွင်းဝန်အမတ် အဆိပ်ခတ်ခံရလို့ စစ်ဆေးပေးဖို့တောင်းဆိုနေကြတာ ။

ညတွင်းချင်းဘဲ နန်းတွင်းသမာ‌းတော်ကိုခေါ်ဆောင်ပြီး အဆိပ်ဖြေဆေးပေးခဲ့လို့ အသက်အန္တာရာယ်တော့စိုးရိမ်စရာမရှိပေမယ့် သွေးခုန်နှုန်းကနှေးနေပြီး အသက်ရှုမဝဘူးလို့ ကြားသိရတယ်။မင်းကြီးလည်း ခေါင်းစားရပြန်တယ်။

အတွင်းဝန်နဲ့မတည့်တဲ့သူကရှားတာကို ဘယ်သူကလုပ်ကြံလဲပေါ့။သို့ပေမယ့် လူတိုင်းကိုတော့ယုံကြည်လို့မရဘူး။တချို့ကအပေါ်ယံဘဲ သကာရည်လောင်းထားတာလေ။အတွင်းပိုင်းကပုတ်သိုးနေတာ လည်းဖြစ်နိုင်တယ်။

ပလ္လင်ပေါ်ထ်ိုင်ကာ နားထင်‌ကြောကိုနှိပ်နယ်ပြီးစဉ်းစားခန်းဖွင့်နေတဲ့ မင်းကြီးကို အမတ်မင်းတွေကအားမလိုအားမရဖြစ်နေသည်။အေးစက်နိုင်လွန်းတဲ့မင်းကြီးဘဲ။အိမ်ရှေ့စံ ရာထူးကိုလည်းအခုထိမရွေးရသေးဘူး။မင်းကြီး ဘာတွေကြံစီနေတာလဲ။

တကယ်လို့အတွင်းဝန်အမတ်သာ တခုခုဖြစ်သွားရင် သူတို့လည်းစား‌ေပါက်မချောင်တော့ဘူးလေ။အခုတောင် မင်းကြီးကနန်းတွင်းထဲမကြာခဏဆိုသလို ရှောင်တခင်ဝင်စစ်နေလို့ ဘာမှလုပ်လို့မရဘူး။

*ဖေဖေ တခုခုဖြစ်ရင် နန်းတွင်းထဲသွေးချောင်းစီးစေရမယ် ...ဒါကြောင့် တရားခံကိုဖမ်းမိအောင်ဆောင်ရွက်ပေးပါ မင်းကြီး..!*

*ငါကိုယ်တော်ကို ခြိမ်းခြောက်နေတာလား ဘန်ယူ..!မင်း စကားကိုဆင်ခြင်ပြောပါ...!ငါကိုယ်တော်က ဟွမ်နိုင်ငံရဲ့မင်းကြီးဆိုတာလည်း သတိရအုန်း..!*

*ခြိမ်းခြောက်တာမဟုတ်ပါဘူး။တကယ်ဖြစ်လာမှာကို ပြေ့ာပြတာပါ မင်းကြီး..*

*ဘန်ယူ...!မင်းကသတ္တိတွေရှိနေတယ်ပေါ့..!ငါ့ကိုအာခံရဲတဲ့အထိ........*

HUNTER (Completed)Where stories live. Discover now