P-4

169 8 0
                                    

လွှမ်းတစ်ယောက် ညကဒဏ်ကြောင့် တစ်ကိုယ်လုံးနူံးချီနေခဲ့တယ်

သာလွန်တစ်ယောက် မိုးလင်းတာကိုသိတာကြောင့် ကောက်ထလိုက်ချိန်မှာ သူ့စောင်ပုံထဲမှာကွေးကွေးလေး ခွေနေသောလွှမ်းကြောင့်သူပြုံးမိတယ်

တကယ်တော့သူက လွှမ်းကို စတွေ့ကတည်းကပိုင်ဆိုင်ချင်ခဲ့သူပါ

အခုတော့ အပျော်ဆုံးလူသားက သာလွန်ဖြစ်နေတာပေါ့

(🚨သာလွန်ကို-မောင်လို့နာမ်စားသုံးပါမယ်)

မောင်းက ကုတင်ပေါ်ကဆင်းကာရေချိုးခန်းထဲဝင်သွားပီး သန့်ရှင်းရေးလုပ်လိုက်တယ်

ရေချိုးခန်းထဲက ထွက်လာတဲ့အခါ ခါးအောက်ကို သဘတ်တစ်ထည်ဖြင့်သာပတ်ပြီးထွက်လာသည်

"မေမေ မေမေ သားကိုမထားခဲ့ပါနဲ့"

မျက်လုံးမဖွင့်ဘဲ ယောင်နေသောသူကြောင့် မောင်းတစ်ယောက် လွှမ်းနားကိုသွားကာ နဖူးလေးကိုလက်နဲ့စမ်းလိုက်ချိန်မှာတော့
ကိုယ်တွေကျစ်ကျစ်တောက်ပူနေတာကြောင့် သူသိလိုက်တယ် လွှမ်းတစ်ယောက်ဖျားနေပီဆိုတာ
သူရေဇလုံတစ်ခုထဲရေထည့်ကာ ပဝါတစ်ခုကိုကုတင်နားယူလာခဲ့တယ်
လွှမ်းကိုယ်လေးကို သန့်စင်သွားအောင် သန်ရှင်းရေးလုပ်ပေးပီး
မောင့်ဗီရိုထဲကအကျီတစ်ထည်ကိုထုတ်ကာဝတ်ပေးလိုက်တယ်
မောင်က ခန္ဓာကိုယ်ထွားတာမို့ အဝတ်ကလည်းကြီးမားနေခဲ့တယ် လွှမ်းကိုယ်လေးမှာဝတ်လိုက်တော့ ပေါင်ထိပင်ဖုံးသွားခဲ့တယ်
မောင်က အစေခံတစ်ယောက်ကို ဆန်ပြုတ်ပြုတ်ခိုင်းကာလာပို့ခိုင်းတားတယ်
ဆန်ပြုတ်ရောက်လာတော့ သူက ကုတင်ပေါ်တတ်ကာထိုင်ပီးလွှမ်းကိုညင်သာစွာပွေ့ကာသူ့ပေါင်ပေါ်တင်လိုက်တယ်
သူကဆန်ပြုတ်ကိုမူတ်ပေးကာလွှမ်းကိုခွံပေးလိုက်တယ် လွှမ်းကလည်းအတင်းကျွေးတာမို့ စားလိုက်တယ်

****

နောက်တစ်နေ့မှာတော့ လွှမ်းနေလို့အတော်ကောင်းသွားတာမို့ သူအခန်းထဲမှာဘဲမနေချင်တော့တာကြောင့်အိမ်အောက်ကိုဆင်းလာခဲ့တယ်

မောင်က သူအမေနဲ့စကားအချေအတင်ပြောနေခဲ့တယ်

"မင်း မဖြစ်နိုင်တာတေမပြောနဲ့ သူကယောက်ျားလေးလေ"

ဆက်ငိုဖို့ မျက်ရည်မလုံလောက်တော့ဘူး🥀[U/Z]Where stories live. Discover now