5-Z

18 4 0
                                    

ရက်အနည်းငယ်ကြာတော် ဧကရီတစ်ယောက် သာလွန့်သတင်းကြားတာမို့ ချက်ချင်းမြန်မာနိုင်ငံကိုပြန်လာခဲ့တယ်

(စုဧကရီ က လန်ဒန်မှာနေတာပါ  သူ့တပည့်တွေသတင်းပို့တာကြောင့်သူ မြန်မာနိုင်ငံကိုပြန်လာရခြင်းဖြစ်တယ်)

+++
"ကိုကို...ကိုကို ဘာတွေလုပ်လိုက်တာလည်း  ကိုကို ဧကရီပြောတာဖြေဦးလေ"

မောင့်ကို  ဖက်လျက်ကာ ပြောနေသောသူကြောင့် လွှမ်းအနည်းငယ် ဒေါသထွက်ပင်မယ့် သူမှာပြောပိုင်ခွင့်မရှိတာကြောင့်ဒီအတိုင်းဘဲငြိမ်နေခဲ့ တယ်

"ဧကရီ ကို အလုပ် ရူပ်နေတာ မင်း မမြင်ဘူးလား"

"အော် ဟုတ်လား ဒါဆိုလည်းမနက်ဖြန် ညကြရင် ဧကရီနဲ့***club မှာတွေ့မယ်နော် ကိုကို လာရဲ့မယ်နော်"

"အင်"

"မွ...ဒါမို့ကိုကိုကို ချစ်တာ"

ပြောပြောဆိုဆိုနဲ့မောင့် ပါးကို နမ်းသွားသောသူကြောင့် လွှမ်း အံ့ဩသွားခဲ့တယ်

မောင်ကတော့ဘာမှဖြစ်သလို အလုပ်ဘဲဆက်လုပ်နေခဲ့တယ်

////

ဒီနေ့မှာတော့ မောင်က ဟိုမိန်းမချိန်းထားတဲ့ ကလပ်ကိုသွားခဲ့တယ်

မောင်က ထမင်းစားစောင့်ဖို့စောင့်ခိုင်းထားတယ် မောင့်ကကတိတည်မှာပါ

လွှမ်းကတော့ မောင့်အလာကိုစောင့်ရင်းထမင်းစားရန်စောင့်နေခဲ့တယ်

"ဟဲ့ လွှမ်းပိုင်မိုး သားကဒီနေ့ ပြန်လာမှာမဟုတ်ဘူး ငါ့ကို ဖုန်းဆက်ထားတယ် ထမင်းစားစောင့်မနေနဲ့သွားစား စောင့်နေချင်လဲ နင့်သဘောဘဲ ငါ့တာဝန်ပြီးပြီ"

"ဟုတ် ကျေးဇူးပါ အန်တီ ကျွန်တော် မဆာသေးလို့ ပါ"

~~~

မောင့်ကိုစောင့်နေခဲ့တာ အခုဆိုည၁၂:ဝဝပင်ထိုးနေပီးဖြစ်တယ်
အစာအိမ်ရောဂါအခံ ရှိတဲ့လွှမ်းဟာ အစာမစားထားတာကြောင့် ဗိုက်ထဲကအောင့်လာခဲ့တယ်

*မောင်လာမှာပါ မောင် ငါ့ကို ကတိပေးထားတယ်*
လို့သာလွှမ်းတစ်ယောက်စိတ်ထဲမှာရေရွက်နေခဲ့တယ်

သန်းခေါင်ကျော်၂:၀၀ပင်ထိုးသွားတယ်မောင်က ပြန်မလာခဲ့
အစာအိမ်က အတော်လေးအောင့်လာတာကြောင့် ဆေးသောက်ရန်ဆေးဘူးလေးကိုကိုင်ကာ အောက်သို့ဆင်းလာခဲ့တယ် အောက်မှာမှောင်မည်းနေခဲ့တယ်

လွှမ်းမီး ဖွင့်လိုက်တဲ့အချိန်မှာတော့ 

"ဖောင်း...ဖောင်း.."

"Happy Birthday  to you...happy birthday to you...happy birthday ..happy birthday..happy..birthday..လွှမ်းရေ"

မောင့်ရဲ့စပရိုက်တိုက်မူကြောင့် လွှမ်း အောင့်နေတဲ့အစာအိမ်တောင် ဘယ်ရောက်သွားမှန်း မသိဖြစ်သွားခဲ့တယ်
လွှမ်းကိုယ်တိုင်တောင်  July 12ရက်နေ့ဟာ သူ့မွေးနေဆိုတာကိုတောင်မေ့နေခဲ့တယ် မောင့်ကို ကျေးဇူးတင်ချင်စိတ်တွေပေါ်ပေါ်က်လာခဲ့တာမို့

"မောင်...မောင် ကျေးဇူးတင်ပါတယ်"

မျက်ရည်တွေကျလာတာကြောင့်မောင်က လက်ဖြင့်ဖွဖွလေးသုတ်ပေးကာ

"ရပါတယ် လွှမ်းက ကိုယ့်အမျိုးသားဘဲ
က်ုယ့်ကို ကျေးဇူးတကယ်တင်ရင်ကျေးဇူးဆက်လေ"

"ဘယ်လိုဆက်ရမှာလည်း"

မောင်ကနားနားကပ်ကာပြောလာသောစကားကြောင့် လွှမ်းမျက်နာလေးတစ်ခုလုံးနီရဲသွားခဲ့တယ်

"နော် ...လွှမ်း...လွှမ်းလဲပျေးဇူးတင်တ်ာဆို..ကျေးဇူးဆပ်ရအောင်နော်လို့"

ကဘေးဆိုးလိုဆိုးနေသောသူကြောင့် လွှမ်းက

"အင် လွှမ်းက မောင့်အပိုင်ပါ မောင်စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ်"

လွှမ်းကသူ့စကားနဲ့သူရှက်နေခဲ့တယ်

ဒါကတော့ သူဘဝမှာပထမဆုံးမွေးနေရဲ့လက်ဆောင်က"မောင်ဆီကအချစ်"လို့သတ်မှတ်လိုက်ပါတယ်

ဒီလိုမျိုးမောင် လွှမ်းကို အမြဲ ဂရုစိုက်ပေးရင်ကောင်းမှာဘဲ

-------------------------////////////

နောက်အပိုင်းမှောင်မယ်ဟေ့
             အမှောင်မလေးတွေရေ🌚ကြိုက်ရောကြိုက်ကြရဲ့လား

¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥

ဆက်ငိုဖို့ မျက်ရည်မလုံလောက်တော့ဘူး🥀[U/Z]Where stories live. Discover now