ဒီအချိန်ဆိုမေမေ့ကို အရမ်းလွမ်းမိတယ်
ကျွန်တော်တို့ ညီကိုသုံးယောက်ကိုမွေးဖွားပေးရင်း အသက်စွန့်သွားခဲ့သည့်မေမေ
သေချာတယ် မေမေကကြင်နာတတ်ပီးစိတ်ထားကောင်းတာမို့ မေမေကောင်းမွန်ရာ ဘဝကိုရမှာပါ
မေမေ့အကြောင်းတွေးရင်း မျက်ရည်တေစို့လာ ခဲ့တယ်
"လွှမ်းပိုင်မိုး နင်ဘာလုပ်နေတာလည်း ဟက်..အကောင် ငါခေါ်နေတာတောင်မကြားဘူးလား"
လွှမ်းနားရွက်ကိုဆောင့်ဆွဲလာပီး အော်ပြောလာသောစကားတို့ကြောင့် သူစိတ်ကူးတေထဲမှသတိရလာကာ
သူတုန်နေအောင်ကြောက်ရတဲ့သူ၏အဒေါ် မူမူနွယ်တစ်နည်းပြောရရင် ဖေဖေရဲ့နောက်မိန်းမ ကျွန်တော်မိထွေးပါ
"ဗျာ ကျွန်တော် ကိုဘာခိုင်းမို့လည် အန်တီနွယ်"
"အပိုတေမပြောနဲ့ ငါ့အင်္ကျီတေနဲ့ ငါ့သားတေအင်္ကျီတေကို အခုသွားလျှော်စမ်း"
"ဗျာ ဟုတ် ဟုတ်"
ဒီလိုပါဘဲဒါက ကျွန်တော်ရဲ့နေ့စဉ်ဘဝအစပါ တစ်အိမ်လုံးရဲ့အလုပ်တေကိုလုပ်ရင်း အမြဲ ဆဲဆိုခံနေရသူပါ
အန်တီနွယ်က ကျွန်တော် အဒေါ်အရင်းဖြစ်ပေမယ့်ကျွန်တော်တို့ညီအကို၃ယောက်ပေါ်မှာမကြင်နာခဲ့ပါ
တကယ်တော့ အန်တီနွယ်က ဖေဖေ့ငယ်ချစ်ဦးပါ
ဒါပေမယ့် အန်တီနွယ်က သူဌေးသားတစ်ယောက်နဲ့လက်ထပ်သွားခဲ့တယ်
နောက်မှာတော့အဖေကမေမေနဲ့တွေခဲ့ပီးနောက်အိမ်ထောင်ပြုခဲ့တယ်
အန်တီနွယ်အမျိုးသားက အလောင်းကစားလုပ်လိုက် မိန်းမဖြစ်သူကဖဲရိုက်လိုက်လုပ်နေတာမို့ မကြာခင်မှာဘဲလမ်းဘေးရောက်ခဲ့တယ်
အဲ့နောက်မှာအန်တီနွယ်ကသူ့အမျိုးသားနဲ့ကွာရှင်းခဲ့တယ်
ထိုအချိန်မှာမေမေဟာ ကိုကိုရယ် ကျွန်တော်ရယ် ကိုလူလားမြောက်မမြောက်မီမှာ ညီလေးကိုမွေးဖွားပေးခဲ့တယ်ညီလေးကိုမွေးပီးနာရီပိုင်းလောက်တွင်မေမေကစိတ်ချစွာဖေဖေ့စီကျွန်တော်တို့၃ယောက်ကိုထားခဲ့ပီး ကမ္ဘာကြီးကို အပီးပိုင် နူတ်ဆတ်ခဲ့တယ်
ထိုအချိန် အန်တီမူက ကလေးနှစ်ယောက်နဲ့ဒုက္ခရောက်နေတာကြောင့်ဖေဖေက မကြည့်ရပ်တာနဲ့ အိမ်မှာခေါ်ထားလိုက်ကာ အန်တီနွယ်ကိုထပ်မှန်လက်ထပ်ခဲ့တယ်
ဖေဖေနဲ့ယူပီးနောက်မှာတော့ ကလေး၎ယောက်ထပ်မှန်မွေးခဲ့တယ်
ဒါကြောင့်အိမ်မှာကလေးပေါင်း
ကျွန်တော်တို့ညီကို၃ယောက်
+
အန်နီနွယ်ပထမအိမ်ထောင်နဲ့ရထားသော
၂ယောက်
+
ဖေဖေနဲ့အတူထပ်မှန်မွေးထားသော၎ယောက်
=
စုစုပေါင်းကလေး-၉ယောက်ရှိပါတယ်ကိုကိုက၄တန်းအရွယ်နဲ့အလုပ်ထွက်လုပ်ရတယ် ဖေဖေကကျန်းမာရေးမကောင်းတာမို့ အိမ်ကမိသားစုအားလုံးစားဖို့ကို ကိုကိုကဘဲ ရှာပေးရတယ်
ကျွန်တော်၈တန်းရောက်တော့ ကျောင်းထွက်ခဲ့ရတယ်တစ်အိမ်လုံးက အလုပ်တေမှန်သမျှကို မငြီးမညူလုပ်ပေးရပါတယ်
ညီလေးကတော့ငယ်သေးတာမို့ကျောင်းစာသာသင်ခဲ့တယ်
အန်တီနွယ်ကတော့ သူ သားသမီး၆ယောက်စလုံးကို ဘာအလုပ်မှမလုပ်ခိုင်းဘဲအခန့်သားနေခိုင်းတယ်
ဒါဟာကျွန်တော့်ရဲ့ ဘဝအကြောင်းအစပါ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
🥀ကျွန်တော်သာကံမဆိုးခဲ့ရင်ကောင်းမှာဘဲ😔
🥀လွှမ်း
"""""""""""""""""""""""""""""""""""""""""""'
YOU ARE READING
ဆက်ငိုဖို့ မျက်ရည်မလုံလောက်တော့ဘူး🥀[U/Z]
רומנטיקה*စိတ်ချမောင် မောင်မျက်နှာကမ္ဘာထင်ပီး ရှင်သန်နေရသူမို့ မောင့်လက်ကို သေတာတောင်မလွှတ်ဘူး* လွှမ်းပိုင်မိုး