2-Z

29 4 0
                                    

ကိုကို က ကုန်ပစ္စည်းတေကို လိုက်ပို့ပေးရင်း
ကျွန်တော်တို့ မိသားစု ကို ရှာကျွေးနေတာပါ

ဒါပေမယ့်ကံမကောင်းစွာ နဲ့ ကားအက်စီဒင် ဖြစ်သွားခဲ့တယ်

ကိုကိုရဲ့ခြေထောက်ကနှစ်ချောင်းလုံး ကျိုးသွားခဲ့တယ်

စတီး တပ်ရင်ရပေမယ့် မတပ်နိုင်တာမို့ ကိုကို ကသူ့ဘဝကို ဒုက္ခိတ အဖြစ်နဲ့ရှင်သန်လာခဲ့ရတယ်

ကိုကို အလုပ်မလုပ်နိုင်တော့ ကျွန်တော်က ကိုကိုအစား အလုပ်လုပ်ရတယ်

အိမ်တစ်အိမ်မှာ အိမ်အကူလုပ်ရင်း မိသားစုကိုရှာကျွေးနေရတာပေါ့

အဲ့အိမ်က ချမ်းသာတဲ့ သူဌေးတွေနေတာမို့ လစာလည်းကောင်း ခဲ့တယ် ဒါ့ကြောင့် ကျွန်တော် ဒီအလုပ်မှာမြဲရခြင်းဖြစ်တယ်

ဒီနေ့ အလုပ်ရှင်တို့အိမ်မှာသူ့ သားဖြစ်သူအမေရိကမှပြန်ရောက်လာမှာမို့ အခန်းကိုသန့်ရှင်းရေး လုပ်ခိုင်းထားတယ်

ကျွန်တော် ကလည်း အလုပ်သမား ဖြစ်တာကြောင့် မငြီးမညူလုပ်နေခဲ့တယ်

*******
ကားသံကြားလိုက်သောကြောင့် သူဌေး မရဲ့သားပြန်ရောက်လာတာကိုသိတာမသည်

ထိုအချိန်မီးဖိုချောင်မှာ ဝင်ကူနေခဲ့တဲ့ကျွန်တော်က သူဌေးမကြီး ခိုင်းထားတဲ့အလုပ်လုပ်ရန် ဧည့်ခန်းသို့ ထွက်လာခဲ့တယ်

ဧည်ခန်းမှာ ထိုင်နေပီး ခြေထောက်နှစ်ဘက်ကို စားပွဲပေါ် တင်ကာ စိတ်ပျက်လက်ပျက် ထိုင်နေသောသူသည် သိပ့်ကို ယောက်ျားပီသလှသည်
မျက်ဝန်းနက်နက်တေကလည်း ဆွဲဆောင် နိုင်လွန်းသည်
ခန္ဓာကိုယ် ဘောဒီကလဲ ပျိုမေတို့ စွဲမက်လောက်စရာပါဘဲ
all blackဝတ်ဆင်ထားပီးအင်္ကျီကို ရင်ဘက်နားက ကြယ်သီး၃လုံးလောက်က ဖြုတ်ထားတာကြောင့် ရင်အုပ်ကျယ်ကျယ်တို့ ကိုမြင်ရနေသည်
ထိုသူကခရီးပန်းလာတာမို့ သံပရာရည်သောက်ရန်ယူလာပေးခဲ့တယ်
သူက သူ့မာမီနဲ့စကားပြောနေတာမို့ ကျွန်တော့်အားတစ်ချက်ပင်အကြည့်လွတ်ပီး မာမီနဲ့စကားဆက်ပြောနေခဲ့တယ်

"ဟဲ့ လွှမ်းပိုင်မိုး နင့်ကိုငါဘာခိုင်ထားလည်းခိုင်းထားတာအခုလာလုပ်"

ဆက်ငိုဖို့ မျက်ရည်မလုံလောက်တော့ဘူး🥀[U/Z]Where stories live. Discover now