မောင်တစ်ယောက် ဆေးရုံးကိုရောက်လာခဲ့တယ်
စုဧကရီကဆေးရုံတတ်ရလို့ဆိုပီးလှမ်းခေါ်တာကြောင့်လေ
စုဧကရီကမြန်မာ နိုင်မှာ ဆွေမျိုးမရှိတာကြောင့် သူမိဘတေက မောင်ကို အပ်ထားတာလေ
စုဧကရီသာ တစ်ခုခု ဖြစ်ရင်သူမကောင်း ဖြစ်မှာဆိုးလို့သူသွားခဲ့တယ်
,,,,,,,,,,
"ကိုကို ရောက်လာပီလား"
"ဧကရီ နင်ဘာတေသွားစားလို့ ဒီလို ဖြစ်လာတာလဲ"
"ကိုကို ကလည်းမဆူပါနဲ့ ဧကရီအားငယ်လို့ပါ"
သူမ အားငယ်လည်းငယ်ချင်စရာပါ အမျိုးတေမရှိဘဲ တစ်ယောက်တည်း သူများနိုင်ငံမှာ နေနေသူမို့လေ
"နင် ဘာမှမဖြစ်ဘူးဆို ငါပြန်မယ်..အိမ်မှာလွှမ်းစောင့်နေတာမို့"
"နေပါဦး ကူခိုင်းစရာလေးရှိလို့ "
"ဘာတုန်း..."
"ဧကရီလမ်းနည်းနည်းလျှောက်ပီးဟိုခုံမှာထိုင်မလို့ တွဲကူပါဦး နော် ကိုကိုနော်"
သူမက တတ်လည်းတတ်နိုင်ပါတယ် ချွဲနေတာ များရုံးပတီသီးတောင် အရှံးပေးရတယ်
မောင်ကတွဲကူနေချိန် သူမကလဲကျသွားကာမောင်ကျောပေါ် ကို မျက်နှာအပ်သွားခဲ့တယ်
"sorryကိုကို ခေါင်းနည်းနည်းနောက်သွားလို့ မထိန်းနိုင်ဖြစ်သွားတာ"
"ရတယ်"
မောင်တစ်ယောက် သူကိုစိတ်ဆိုးနေသောလွှမ်းကိုချော့ဖို့ အိမ်သို့ အလျင်ပြန်လာခဲ့တယ်
××××
အခန်ထဲတွင်ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ရင်းဆွေးနေသူကတော့ လွှမ်းပင် ဖြစ်တယ်
*ကောင်းကင်ကြီးကသိပ်လှတယ် သိပ်လည်းကံကောင်းတယ် သူအနားမှာ သိပ်လှတဲ့ ကြယ်လေးတေကသူ့ကို အဖော်ပြုပေးနေတာမို့ ငါ့လည်းကံကောင်းချင်လိုက်တာ*
ဒေါက်....ဒေါက်....ဒေါက်
"ဝင်လာခဲ့မယ်နော် လွှမ်း"
"....."
လွမ်းကတိတ်ဆိတ်နေခဲ့တယ်
ဒါကသူပိုင်တဲ့အိမ်လေ အခန်းလည်းသူပိုင်တာမို့ငါ့ခွင့်ပြုချက်မလိုတာမို့ပြန်မဖြေတော့ဘူး"လွှမ်း ...."
"......."
"စိတ်ဆိုးနေတာလား.."
စိတ်ဆိုးတယ် ဟုတ်တယ် စိတ်ဆိုးချင်မိတယ် မောင့် အပေါ် ဒါပေမဲ့ နှလုံးသားက ခွင့်မပြုခဲ့ဘူးလေ
မောင်က လွှမ်းကိုအနောက်မှာပွေဖက်လာခဲ့တယ်
မောင့်ဆီက ဆေးရုံအနံနဲ့ မိန်းကလေးစွတ်ရေမွှေး ခပ်သင်သင်ရတာမို့ လွှမ်းတစ်ယောက်စိတ်ရူပ်သွားခဲ့တယ်
"မောင် ဘယ်တေသွားနေတာလည်းဟင်"
"မောင် အခုပြန်လာပီဘဲ"
လွှမ်းလိုချင်သောအဖြေကဒါမဟုတ် အနည်းဆုံးအ ကောင်းပြချက်လေးတော့ ပေးပါမောင်ရယ် ကြားချင်မိတယ်
မောင်ကဒီနေ့မှာမိုးပြာရောင်အင်္ကျီလေးကိုလွှမ်းထုပ်ပေးတာကြောင့်ဝတ်ထားခဲ့တယ်
ဆေးရုံအနံတေရတာမို့မောင်ကလည်းသဘောမကျတာမို့ ရေချိုးခန်းဝင်ရန်ပြင်လိုက်တယ်
"မောင် ရေသွားချိုးဦးမယ်"
မောင်က ရေချိုးခန်းထဲကို ကျောပေးဝင်သွားလိုက်တဲ့အခါ မောင့် ပခုံးအောက်ဖက်နားက နူတ်ခပ်းနီရာကိုတွေ့တော့ လွှမ်းရင်ထဲမှာ နာကျင်လာခဲ့ရတယ်
မောင်ရေချိုးခန်းထွက်လာတော့ လွှမ်းကအိပ်ပျော်နေခဲ့တယ်
မောင်ကည်း လွှမ်းနိုးမှာဆိုးလို့ သူလည်းငြိမ်ငြိမ်လေးဝင်အိပ်လ်ုက်တယ်
မောင်ကတော့ ခဏအကြာမှာအိပ်ပျော်သွားခဲ့တယ်
လွှမ်းကတော့ အိပ်မပျော်ခဲ့ သူကတိတ်ဆိတ်စွာစောင်ကိုစုတ်ရင်းငိုနေခဲ့တယ်
သူမောင်ကြောင့်နဲ့ငိုရတာ၁၉၂ခေါက်ရှိပီမောင်းနဲ့လွှမ်းရဲ့အိမ်ထောင်သက်တမ်းဟာ၅လရှိပီဖြစ်တယ်🥀
===========================
🌪️မကြာခင်မှာ မုန်တိုင်းရှိတယ်
မိုးလေဝသပညာရှင်ကျူးလစ်မှာတင်ပြပါတယ်🌷~~~~~~~~~~~~~~~~~~~~~~~~~~~~
YOU ARE READING
ဆက်ငိုဖို့ မျက်ရည်မလုံလောက်တော့ဘူး🥀[U/Z]
Romance*စိတ်ချမောင် မောင်မျက်နှာကမ္ဘာထင်ပီး ရှင်သန်နေရသူမို့ မောင့်လက်ကို သေတာတောင်မလွှတ်ဘူး* လွှမ်းပိုင်မိုး