မေ မနက်လောက်ကတည်းက အိပ်တာ ညနေ 3 နာရီမှ နိုးလာခဲ့တော့သည်။မနေ့ကတည်း operation ဝင်ပြီး မနားရပဲ ညကလည်း တညလုံးနီးပါး မအိပ်မိတော့ အခုမှ အိပ်မိသွားသည်။မေလည်း အိပ်ယာမှထကာ ရေတခါထဲ ချိုးလိုက်ပြီး အောက်ကို ဆင်းလာလိုက်သည်။
အောက်ရောက်တော့"သမီး မေ၊နိုးပြီလား "
"ဟုတ်ကဲ့ အမေ.."
"နေ့လည်စာ မစားရသေးရင် စားအုန်းနော်၊ကျန်းမာရေး ဂရုစိုက် အမေလည်း ဒီအရွယ်ကြီးကို နောက်ကလိုက်မပြောနိုင်တော့ဘူးနော်"
"အင်းပါ အမေကလည်း စားပါတယ်"
"ငါမသိဘူး မထင်နဲ့နော်၊မနက်ကလည်း နင့်ညီမ ဖုန်းဆက်တယ် ကော်ဖီကို နှစ်ခွက်တောင်နဲ့ မုန့်နည်းနည်းပဲ စားသွားတယ်ဆိုပြီး ပြောတယ်"
"ဟာ ဒီ ဟာမလေးတော့.."
"သွားပြီး အငယ်မကိုကျိန်းမနေနဲ့ ကော်ဖီကို လျော့သောက်ပါအုန်း သမီးရယ်၊သမီး ဒီကို ပြန်ရောက်ကတည်းက ကော်ဖီ စွဲလာတာ မေမေ သတိထားမိတယ်နော်"
"ဟုတ်ကဲ့ပါ ချစ်မေမေကလည်း လျော့သောက်ပါမယ် အခု ဗိုက်ဆာတယ်"
"ထမင်းဝိုင်းမှာ အကုန်ပြင်ထားပြီးသား ထမင်းကတော့ မပူမှာစိုးလို့ ကိုယ့်ဘာသာ ထည့်စားလိုက်တော့"
"ဟုတ်ကဲ့ အဖေရော"
"နင့်အဖေက အပြင်ခဏသွားတယ်"
"ဟုတ်"
မေ ထမင်းစားပြီးသွားတော့ အပေါ်ထပ် အခန်းကို ပြန်တတ်လာခဲ့သည်။
အခန်းထဲရောက်တော့ အဝတ်ဗီရိုရှေ့ရပ်ကာ ဗီရိုရဲ့ အောက်ဆုံးက အံဆွဲကိုဖွင့်ပြီး ကတ်ထူစက္ကူပုံးလေး တခုကိုထုတ်ကာ မြတ်နိုးမှု တွေပြည့်နှက်နေပြီး ကြည့်လဲ့နေသော အရည်ကြည်များရစ်သိုင်းနေသောမျက်ဝန်းတစုံဖြင့် ပုံးလေးကိုစိုက်ကြည့်ကာ အပေါ်ယံ ပုံးအဖုံးကို သွယ်လျသော လက်ချောင်းများဖြင့် အသာအယာပွတ်နေမိသည်။မိနစ် အနည်းကြာမှ ပုံးကိုမဖွင့်ပဲ အံဆွဲထဲသို့ ပြန်ထည့်ကာ စာရေးစားပွဲမှာထိုင်ပြီး လူနာမှတ်တမ်းများကိုသာ စစ်နေလိုက်သည်။မေ လူနာမှတ်တမ်းစစ်တာကို ရပ်လိုက်ပြီး နာရီကြည့်လိုက်တော့ ညနေ 6 နာရီထိုးနေပြီဖြစ်သည်။ထို့ကြောင့်မေလည်း ဖတ်နေတာကိုရပ်လ်ိုက်ပြီး ဆေးရုံသွားဖို့ ပြင်ဆင်ကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။
လှေကားအောက်ခြေထိပ်၌
YOU ARE READING
SHE
Romance* နင်ပြန်လာတဲ့နေ့ကို ငါရေတွက်နေခဲ့တာ လက်ချိုးလို့တောင်မရတော့ဘူးဟာ၊ငါ နင်ပြန်လာမယ့်နေ့ကိုပဲ ဆုတောင်းနေခဲ့တယ် ၊ငါ့ ဆုတောင်းတွေကို ဘုရားရှင်က မကြည့်နိုင်တော့လို့ ဖြည့်ဆည်းပေးပေမယ့် ဘုရားရှင်က ငါ့ကို အပြည့်အဝ မဖြည့်ဆည်းပေးပဲ နင်ကို ဒီလို ပုံစံနဲ့ ငါ့ဆီက...