*3*

70 4 0
                                    

ကျောင်းတွေတတ်ရင်း  ဒီနှစ်အတွက်နေသားကျလာတဲ့ အချိန် နှစ်ဝက်လောက်ပေါ့၊မေ ထမင်းစားချိန် ထမင်းစားပြီး စာသင်ခန်းထဲ ဝင်လာတော့ ဘယ်သူမှ မရှိ မေလည်း ကိုယ့်ထိုင်ခုံနေရာမှာသာ အေးဆေးထိုင်နေလိုက်ပြီး စာဖတ်နေလိုက်သည်။စာဖတ်နေရင်း အသံတိုးတိုးလေးကြားမိသည်။
ပထမကတော့ မေ လှည့်မကြည့်မိ။တဖြည်းဖြည်းနဲ့ အသံတိုးတိုးလေး ပီပြင်လာပြီး ရှိုက်သံလေးဖြစ်လာတဲ့အခါ မေ အခန်းထဲ လှည့်ကြည့်မိတော့ နောက်ဆုံးခုံအတန်းရဲ့ ‌နံရံထောင့်မှာ ခုံပေါ်မှောက်အိပ်နေသော သူကို တွေ့တော့ မေ စိုက်ကြည့်နေမိသည်။တဖြည်းဖြည်း မှောက်အိပ်နေသောသူရဲ့ ပုခုံးက လှုပ်လာမှသာ မေ ရှေ့သို့ပြန်လှည့်ပြီး စာပြန်ကြည့်နေလိုက်သည်။သို့သော် အာရုံက နောက်ဆုံးအတန်းက သူဆီကိုသာ ရောက်နေမိသည်။နောက်ဆုံး မေ စာဖတ်တာ အာရုံမရတော့၍

*ကျစ်!  *

ကျစ် တစ်ချက်ဆုတ်ကာ နောက်ဆုံးအတန်းဆီသို့ ခြေလှမ်းများ စတင်လိုက်သည်။ပြီးနောက် ခုံအတန်းဘေးနားအရောက် မေ မျက်မှောင်ကျုံ့မိသည်။မှောက်အိပ်နေသော သူရဲ့ လက်ထဲတွင် ဆေးလုံးများရှိနေခြင်း‌ကြောင့်ဖြစ်သည်။မေ ဘာမှ မပြောပဲ ဒီအတိုင်းပဲ ရပ်နေမိသည်။ခဏအကြာ မှောက်အိပ်သောသူက သတိထားမိကာ မော့ကြည့်လာသည်။ထိုအခါမှ မေက

"ဆေး မသောက်ရဲလို့လား"

"....."

တဖက်က တော်တော်နဲ့ ပြန်မဖြေ၊မေ လည်း စိတ်မရှည်ပဲ ကိုယ့်နေရာကို ပြန်ဖို့ နောက်လှည့်လိုက်စဉ်

"ဆေးသောက်ပြီး သေမလို့.."

"......"
ထိုအခါ အခန်းတွင်းလေထုက ရုတ်တရက် တိတ်ဆိတ်သွားသည်။ဘာအသံမှ မကြားရတော့ပဲ အသက်ရှုသံ နှစ်ခုသာ အပြိုင်အဆိုင် ဖြေးဖြေးချင်း ထွက်နေတော့သည်။

သုံးမိနစ်လောက်အကြာမှ

"ဘာလို့လဲ"

တိတ်ဆိတ်နေသော လေထုကို မေ ရဲ့ အသံကဖြိုခွင်းလိုက်ပြီး နောက်သို့ပြန်လှည့်ကြည့်လိုက်သည်။တဖက်က မေ့ကို ကြည့်ကာ ခေါင်းခါပြ၍ ဘာမှ ပြန်မပြောပေ။

SHEWhere stories live. Discover now