*1*

442 17 3
                                    

မင်္ဂလာခန်းမကြီးထဲမှာ လူတွေဟာ စုံညီစီကားစွာဖြင့်ပြုံး‌ေပျာ်ကာ စကားတွေပြော အစားသောက်တွေစားနေကြသည်။သူမ မင်္ဂလာခန်းမထဲဝင်လိုက်တာနဲ့ သတို့သမီးဘက်က မိဘတွေဟာ သူမကို ပျော်ရွှင်စွာကြိုဆိုလေသည်။

'ဟယ် သမီး‌ မေသီရိကို သမီးလာသားပဲ၊အန်တီက သမီးအလုပ်တွေရှုပ်နေလို့ မလာတော့ဘူးတောင် ထင်နေဝာာ၊သမီးသူငယ်ချင်း နေနေ ကတော့ သမီးကိုတမျှော်မျှော်နဲ့ မလာမချင်းကိုမေးနေတော့တာ'

'ဟုတ်ကဲ့ သမီး အလုပ်ရှုပ်နေပေမယ့် နေနေ ရဲ့မင်္ဂလာပွဲကိုတော့ မလာလို့ မရဘူးလေအန်တီရဲ့ နေနေ အကြောင်းလည်းသိတဲ့အတိုင်းပဲ စိတ်ကောက်ရင်ချော့ရခက်လွန်းလို့'

'အေးအေး သမီးသူငယ်ချင်း နေနေ ကတော့ပြောမနေနဲ့ ယောက်ျားသာယူတော့မယ် ကလေးစိတ်ကမပျောက်သေးဘူး'

'ဟွန့် သူများမင်္ဂလာပွဲမှာ သူများမကောင်းကြောင်းကိုပြောနေတယ်ပေါ့'

နောက်ကနေ အသံကြားလို့ လှည့်ကြည့်လိုက်တော့ နေသော်တာပင်။ခါးလေးထောက်ကာ ဆူပုတ်ပုတ်လေး လုပ်နေသည်။

'မဟုတ်ပါဘူး နေနေရယ်၊ငါနောက်ကျနေလို့ နင်စိတ်ကောက်နေပြီလားလို့ အန်တီ့ကိုမေးနေတာပါ ဟုတ်တယ်မလားအန်တီ'

နေနေ အမေ့ကိုစစ်ကူတောင်းတော့

'ဟုတ်ပါတယ် သမီးရယ်'

'အင်း ဘယ်သူဘာပြောပြောငါကတော့ စိတ်ဆိုးတယ်၊ငါ အလှပြင်တာအမှီလာပါဆိုတာကို '

'အော် လမ်းမှာ မီးပွိုင့်တွေမိနေသေးတယ်လေကွာ'

'ကြည့် အဲ့မှာ စိတ်မရှည်တော့တဲ့ လေသံနဲ့ သူများမင်္ဂလာဆောင်လာပြီးတော့'

'အမလေးညဉ်းနဲ့ နင်က မေနဲ့ ဆောင်မှာမို့လို့ အဲ့လောက်တောင် ရစ်နေတာလား၊သူ့လည်း အလုပ်တွေနဲ့ နင့်မင်္ဂလာဆောင်လာတာတောင် ပျော်သင့်တာ'

နေနေ့ အမေဝင်ပြောတော့

'ဟင်း ကိုယ့်သမီးဘက်ကကျ လိုက်မပြောဘူး၊မေ့ ဘက်ကချည်းလိုက်ပြောနေတယ်၊ငယ်ငယ်ထဲကနော် မပြောချင်ဘူး'

'ဟော ငါပြောတာမဟုတ်လို့လား၊နင်ကိုက ရစ်လို့ရလို့ရစ်နေတာ'

SHEWhere stories live. Discover now