* 5 *

63 3 0
                                    

"အင်း...ငါမကြိုက်ပေမယ့် သူမ ကတော့ ကြိုက်တယ် အသွန်း"

ထိုနေ့က နေနေတို့ပြန်လာမှ ပန်းကောက်တာကိုရပ်ပြီး မေက သူရဲ့ ပိုက်ဆံအိတ်ထဲက plastic အိတ်လေး တခုကို ထုတ်ကာ ထည့်ပြီး လွယ်အိတ်ထဲ ထည့်ပြီးမှ အိပ်ပြန်ကြသည်။ထိုနေ့မှာ လမ်းမပေါ်လျှောက်နေကြတဲ့ ကောင်မလေးနှစ်ယောက်မှာ တစ်ယောက်က အပြုံးတွေဝေဆာစွာဖြင့် ပြုံးကာ ပျော်နေပြီး တယောက်ကတော့ စိတ်ထဲ အဆင်မပြေသလိုဖြစ်နေတာကို ဘာကြောင့်ဖြစ်နေတာလဲ စဉ်းစားအဖြေနေကြတဲ့ သူတွေ ကိုယ်ဆီအတွေးများဖြင့် အိမ်ပြန်လမ်းမထက် လျှောက်လှမ်းနေကြသည်။

******{Flashback end}

မေ လည်း သူမ ကို အရင်ကအကြောင်းပြောပြနေရင်း မနက် 4 နာရီထိုးသွားခဲ့သည်။ထိုအချိန်မှာပဲ မေက သူမရဲ့ လက်ကလေးကို ဆုပ်ကိုင်ကာ အက်ရှနေသော အသံဖြင့်

"နင် ပြန်သတ်ရလာရင် ငါ့ကို ထားပြီး ထပ်ထွက်သွားမှာ ငါကြောက်နေပြီတယ် ဟန်လေးရယ်"

ထိုတခွန်းပဲပြောကာ ကုတင်ဘေးမှာပဲ သူမရဲ့ လက်ကို မြဲမြဲဆုပ်ကိုင်ရင်း အိပ်ပျော်သွားလေသည်။

မနက် 7 နာရီ

ဒေါက်‌‌ ဒေါက်

တံခါးခေါက်သံကြားမှ မေအိပ်ပျော်ရာကနေ နိုးလာမိသည်။နိုးလာလာချင်း လက်က နာရီကြည့်မိတော့ မနက် 7 နာရီထိုးပြီမို့ မွန် လွှတ်လိုက်သော   ဒါရိုက်ဘာ ရောက်နေတာဖြစ်မည်။‌
မေလည်း တံခါး ကိုဖွင့်လိုက်တော့ ဆေးရုံက အစောင့်တစ်ယောက်။

"ဒေါက်တာခင်ဗျ..ဆေးရုံအောက်မှာ ဒေါက်တာကို ကြိုဖို့စောင့်နေတဲ့ ဒါရိုက်ဘာ ရောက်နေပါပြီဗျ"

"အင်း သိပြီ၊ကျေးဇူးပဲ"

"ဟုတ်ကဲ့ပါ ခင်ဗျ"

အစောင့်လေးထွက်သွားပြီးမှ မေ ပြုံးမိသည်။မွန် အချိန်တိကျလို့ပင်။‌ဒီအချိန်ဆို ဒီအချိန်ပဲ ‌နောက်လည်းမကျသလို စောလည်းမစောပေ။ထိုသို့ အချိန်တိကျတာကို မေ လည်းသဘောကျသည်။မေနှင့် မွန်ဟာ စောင့်ရတာကို မကြိုက်ကြတာခြင်းတူကြသည်။ဒါကတော့ဘသူတို့ ညီမနှစ်ယောက်ရဲ့ တူညီမှုတွေထဲက တချက်ပင်။

SHEWhere stories live. Discover now