*2*

191 6 0
                                    

'နင့်ကို နင်မသိသေးတဲ့အကြောင်း တွေ ငါပြောပြပေးမယ်၊နင်က ဒီအတိုင်းလေး အိပ်ပြီးနားထောင်‌နေပေး'

လို့ပြောကာမေ သူ(လူနာ)ရဲ့မျက်နှာလေးကိုထိကာ

'ငါနင့်ကို ထူးထူးခြားခြား သတိထားမိတာ ၇တန်းနှစ်တုန်းကဟ'

'နင်မထင်ထားဘူးမလား ငါက မျက်နှာတည်တည်ကြီးနဲ့ဆိုတော့'

' ငါက ရေမွှေး‌နံ့တွေဆို မကြိုက်ဘူး ဒါပေမယ့် အဲ့နေ့က နင့်ဆီက ရတဲ့ ရေမွှေးနံ့က ငါ့ကိုအရမ်းဆွဲဆောင်ထားတယ်လေ နင်ဒါကို‌တော့ ဘယ်သိမလဲနော်'

'အဲ့နေ့ နင်အခန်းထဲ ငါထိုင်နေတဲ့ဘေးနားကို ဖြတ်သွားတော့ ငါ အရမ်းစိတ်လှုပ်ရှားနေမိတယ် နင့်တစ်ယောက်တည်းကိုပဲ ထူးထူးခြားခြားနဲ့လေ'

-----------------------------------------------------&----------------------------
flashback to 15 years ago

ပထမဆုံးကျောင်းတတ်ရတဲ့နေ့ ကျောင်းသားကျောင်းသူတွေ အားလုံး သူငယ်ချင်းတွေနဲ့ပြန်တွေ့ရတဲ့နေ့အားလုံးပျော်ရွှင်နေကြသည်။
မေလည်း ကျောင်းပေါက်ဝကို ဝင်လိုက်တာနဲ့ နှစ်တိုင်း ထုံးစံအတိုင်း သူ့ကို တမျှော်တခေါ် စောင့်နေတဲ့ နေနေကို တွေ့သည်။နေနေက အမြဲတမ်း ပထမဆုံးကျောင်းတတ်ရက်‌တိုင်း သူကို ကျောင်းပေါက်ဝမှာစောင့်ပြီး အခန်းထဲမှာ အတန်း‌နေရာဦးပေးထားပြီးသားပင်။နေနေ နဲ့ မေ  နဲ့က သူငယ်တန်းက ခင်လာကြတဲ့ သူငယ်ချင်း‌တွေဖြစ်သည်။နေနေကလည်း သံယောဇဉ်ကြီးသလို မေကလည်း မဖော်ပြပေမယ့် သံယောဇဉ် တယောက်‌ပေါ်တစ်ယောက် ရှိကြသည်။

'‌ဟဲ့ မေကလည်း ဘာလို့စောစောမလာတာလဲ ငါက နင့်အတွက် နေရာတောင်ဦးထားပေးတာ'

'အင်း ငါ ပထမဆုံးနေ့မို့ အိပ်ပျော်နေတာ '

'အေး နင်ကတော့ မပြောချင်ဘူး တစ်နှစ်လည်းမဟုတ် နှစ်နှစ်လည်း မဟုတ် နှစ်တိုင်းကိုပဲနော် '

'အေးပါဟာ ခဏနေ ကျောင်းတတ်တော့မယ် အခန်းထဲ သွားကြမယ် နင်မုန့်ဝယ်အုန်းမှာလား'

'အင်း ဝယ်ရင် ကောင်းမလား မဝယ်ရင် ကောင်းမလား စဉ်းစားနေတာ'

'တော်စမ်းပါဟယ် သွားဝယ်မယ်လာ အိုက်တင် ခံနေတာ လာသွားမယ် '

SHEWhere stories live. Discover now